မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ
ပြည်ပကနေ တင်သွင်းလာသော city bus ကားများ seater ကွဲလွဲခြင်း ဒဏ်ကြေးမသတ်မှတ်တော့ဘဲ ခုံအရေအတွက် ပြန်သတ်မှတ်သွားမှာ ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော ကြီးကြပ်မှုကော်မတီထံကနေ သိရသည်။
ပြည်ပနိုင်ငံကနေ တင်သွင်းလာသည့် city bus ကားများ seater ကွဲလွဲနေပြီး အကောက်ခွန် ဒဏ်ကြေးများပြားလွန်းနေသည့်အတွက် ထိုကားများကို ဒဏ်ကြေးမသတ်မှတ်တော့ ဘဲ ခုံအရေအတွက် သတ်မှတ်သွားမည်ဖြစ်ရာ ထိုကွဲလွဲနေသော ခုံအရေအတွက်အတိုင်း ကားထုတ်ယူခွင့်ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။
"city bus ကားတွေက ဒဏ်ကြေးတွေ များနေတဲ့အတွက် seater သတ်မှတ်တာကို အရေအတွက်အတွက် သတ်မှတ်ပြီး ခွင့်ပြုပေးမှာပါ" ဟု မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော ကြီးကြပ်မှုကော်မတီထံကနေ သိရသည်။
ယခင်က ပြည်ပကနေ city bus ကားများတင်သွင်းလာခြင်းတွင် seater ကွဲလွဲနေပါက အကောက်ခွန်ဒဏ်ရိုက်ယူမှုများရှိနေကြောင်း သိရပါသည်။
ယခုအခါ ခုံအရေအတွက် သတ်မှတ်ပြီး တင်သွင်းခွင့်ပေးခြင်းတွင် တစ်ခြားကားများ မပါဝင်ဘဲ city bus ကားတစ်ခုတည်းသာ ပေးခြင်းဖြစ်ကြောင်း သိရပါသည်။