တစ်ဦးချင်း ကားတင်သွင်းခွင့် ပိတ်ထားသော်လည်း စီးတီးဘတ်စ်များနှါင့်လှုဒါန်းယာဉ်များခွင့်ပြုပေးသွားမည်

0

Full article

တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားခြင်းကို ရပ်ဆိုင်းထားရှိသော်လည်း စီးတီးဘတ်စ်များနှင့် လှုဒန်းယာဉ်လျှောက်ထားမှူကို ခွင်ပြုပေးသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကြီး တစ်ဦးကပြောပါတယ်။ တစ်ဦးချင်း ကားတင်းသွင်းတဲ့ ဖရီးပါမစ်လျှောက်ထားတာကို ကားအစီးရေလုံလောက်နေပြီဖြစ်၍ ယာယီရပ်ဆိုင်း ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ထိုသို့ ဖရီးပါမစ်လျှောက်ထားတာကို အနည်းဆုံး ၆ လအထိ ရပ်ဆိုင်းထားမှာဖြစ်ရာ ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ် ပါမစ် လျှောက်ထားတာကို ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ဦးချင်းကားတင်ခွင့်ကို ရပ်ဆိုင်းထားပေမယ့် စီးတီးဘတ်စ်ကားတွေနဲ့ လှူဒါန်းယာဉ်တွေကိုခွင့်ပြုပေးထားပါတယ်။စလစ်ကပ်ပါမစ်လျှောက်တာကိုလည်းဆက်ပြီးခွင့်ပြုသွားမှာဖြစ်ပါတယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။ခေတ်သစ်

Author