ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျခြင်းမရှိပါက အဝိုင်းတွင် တပ်ဆင်ထားသော မီးပွိုင့်များ ဖယ်ရှား ပေးမည်

0

Full article

![width=225](/redline/content/images/2017/05/htht-225x300.jpg)

ရန်ကုန်မြို့တွင်းရှိယာဉ်သွားလာမှုများပြားလျက်ရှိသည့် လမ်းဆုံအဝိုင်းများတွင် လေဆာမီးပွိုင့်စနစ်များ တပ်ဆင်ထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု လျော့ကျခြင်းမရှိပါက အဝိုင်းများတွင် တပ်ဆင်ထားသော မီးပွိုင့်စနစ်ဖယ်ရှားပေးမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ "လမ်းဆုံအဝိုင်းတွေမှာ မီးပွိုင့်စနစ်သုံးတာ ယာဉ်ကြောက ပိတ်ဆို့တာရှိနေမယ်ဆိုရင် အဝိုင်းမှာတပ်ဆင်ထားတဲ့ မီးပွိုင့်ကိုပြန်ဖြုတ်ပေးမှာပါ။အခုက စပ်းသပ် တပ်ဆင်အသုံးပြုထားတာဖြစ်ပါတယ်။"ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မကြာခင် အသုံးပြုတော့မယ့် Control centre စနစ်အတွက်ဆင်ဆာစနစ်သုံး မီးပွိုင့် များကို စမ်းသပ်အသုံးပြုနေတာဖြစ်ပီး ယာဉ်သွားလာမှူအတွက် အဆင်မပြေပါက မီးပွိုင့်များကို တပ်ဆင်မှူပြန်ဖြုတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ မော်တော်ယာဉ် မောင်းနှင်သူများအနေနဲ့ အဝိုင်းပတ်စနစ်တွင် မီးပွိုင့်ထားခြင်းက ယာဉ်ကြောကြပ်တည်းပိုမိုရှူပ်ထွေးစေနိုင်ပီး အဝိုင်းမရောက်ခင် မီးပွိုင့်များကိုသာ လိုအပ်သည့် ထိန်းချူပ်မှုအတိုင်းသွားလာသင့်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author