Zawgyi
၂ဝ၁၈ တွင် အင်ဂျင်ပါဝါ ၁၃၅ဝ စီစီ အောက်ကားများကို ယခင်နှစ်များ၌ တန်ဖိုးဖြတ်ကောက်ခံနေသည့် AV Value အတိုင်း CIF 5000 သတ်မှတ်မည် မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံကနေ သိရသည်။
"လာမယ့်နှစ်မှာ ကားတင်သွင်းမယ်ဆိုရင် အမှန်တစ်ကယ် အရောင်းအဝယ်ဖြစ်တဲ့ ဈေးကို တင်ပြရမယ်။ ဥပမာ ပစ္စည်းတစ်ခုကို တစ်ဆယ်နဲ့ ဝယ်ခဲ့တယ်ဆိုရင် ဝယ်ခဲ့တဲ့ ဈေးနှုန်း သင်္ဘောတင်ခတွေ ပေါင်းပြီး ဈေးနှူန်းသတ်မှတ်မှာပါ။ တင်သွင်းတဲ့ ဈေးနှူန်းကို တင်ပြရမှာပါ။ "ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
၂ဝ၁၈ တွင် ပြည်ပက ကားတင်သွင်းမှုကို ဘယ်မောင်းကားများဖြစ်သည့် အနိမ့်ဆုံး မိုဒယ် ၂ဝ၁၄ မှစတင်၍ တင်သွင်းရမည် ဖြစ်ရာ မိုဒယ်မြင့်ကားများသာ တင်သွင်းခွင့်ပြုမည်ဆိုလျှင် ကညန အခွန်နှုန်းထားများနှင့် အကောက်ခွန်ဦးစီးဌာနက သတ်မှတ်သည့် ဆိပ်ကမ်းရောက်တန်ဖိုး (Cost, insurance and freight) CIF တန်ဖိုးများတို့ ကိုလည်း လျှော့ချပေးသင့်ကြောင်း ကားတင်သွင်းသူအများစုက ပြောကြားသည်။
ယခုလောလောဆယ်တွင် ၁၃၅ဝ CC အောက်ယာဉ်များနှင့် လျှပ်စစ်ကားများအား မည်သည့်ယာဉ်အုပ်စုမဆို Model Year 2011 မှ 2015 အထိ တန်ဖိုး USD 5000 ဖြင့်သတ်မှတ်စည်းကြပ်လျက်ရှိပြီး 2016/2017 Model Year တင်သွင်းလာမည်ဆိုပါက တင်သွင်းမော်တော်ယာဉ်အတွက် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်သော တန်ဖိုး သတ်မှတ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းကြပ်ကောက်ခံလျက်ရှိသည်။