ဧပြီ ၁ ရက်မှစ၍ စလစ်ကပ်ကား ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရမည်ဆို၍ CIF တန်ဖိုးမြင့်ကားများ ကျပ်သိန်း ၂ဝဝ ထိဈေးမြင့်တက်နိုင်

0

Full article

ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများကို လာမည့် ဧပြီလ ၁ ရက်မှစ၍ ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဆိုခြင်းကြောင့်CIF တန်ဖိုးမြင့်ကားများနှင့် လူကြိုက်များသောကားများ သိန်း ၂ဝဝ မှ ၃ဝဝ သို့ ဈေးနှူန်းမြင့် တက်လာမည်ဖြစ်ကြောင်း ကားတင်သွင်းရောင်းချသူများ ထံကနေသိရပါတယ်။ မိုဒယ်မြင့် လူကြိုက်များသော ကားအမျိူ းအစားများဖြစ်သော Landcruiser ၊ Lexus ၊ Alphard ၊ KLUGER စသည့် အင်ဂျင်ပါဝါမြင့်ကားအမျိူ းအစားများသည် CIF တန်ဖိုးပေါ်မူတည်၍ ဈေးနှူန်းများမှာ သိန်း ၂ဝဝ မှ သိန်း ၃ဝဝ သို့ ဈေးမြင့်တက်လာနိုင်တယ်လို့သိရပါတယ်။ စလစ်ကပ်ကားတွေကို ဧပြီ ၁ ရက်က စပီး ကြိုတင်ဝင်ငွေခွန် ကောက်တဲ့အတွက် မိုဒယ်မြင့် လူကြိုက်များတဲ့ ကားတွေအားလုံး CIF အနည်းအများပေါ်မူတည်ပြီး သိန်း ၂ဝဝ ကနေ ၃ဝဝ အထိ တက်သွားနိုင်တယ်။ ကားကိုပဲ Luxury လို့မြင်ပြီး အခွန်ကောက်တာတော့ မဖြစ်သင့်ဘူး။ လမ်းပန်းဆက်သွယ်ရေးသွားလာရေးကောင်းမွန်မှ နိုင်ငံတိုးတက်လာမှာ။ ကားမသွင်းစေချင်လို့ အခွန်ကို တိုးကောက်တာလား မပြောတက်ဘူး။ သာမာန် လူတန်းစားတွေအတွက် ကားဝယ်စီးဖို့ အလှမ်းဝေးသွားပြီ။ လို့ ကားတင်သွင်းရောင်းချသူ ဦးမျိူ းဇော်က ပြောထားသည်။ မော်တော်ယာဉ်များကို အခွန်ငွေများ တိုးမြင့်ကောက်ခံမှူကြောင့် ကားဝယ်ယူအသုံးပြု သူများသာ ကားဈေးမြင့်တက်မှူနှင့် ကြုံတွေရနိုင်ပြီး ကားတင်သွင်းရောင်းချနေသူများအဖို့ ထိခိုက်မှူမရှိနိုင်ကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ပြောကြားကြပါတယ်။

ခေတ်သစ်

Photo Credit

Author