CIF တန်ဖိုးမရှိသော ယန္တရားယာဉ်များကို အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်မည်မဟုတ်ဘဲ အမှန်တကယ်ဝယ်ယူခဲ့သည့် ဈေးနှုန်းအတိုင်း အခွန်စည်းကြပ်မည်

0

Full article

ပြည်ပက လုပ်ငန်းသုံး ယန္တရားယာဉ်များတင်သွင်းမှုကို ယခင်က CIF တန်ဖိုးမထုတ်ပြန်ဘဲ ၂ ပတ်တစ်ကြိမ် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်နေရာမှ အမှန်တစ်ကယ်ဝယ်ယူခဲ့သော ဈေးနှုန်းအထောက်အထား WTO valuation ဖြင့်သာ တန်ဖိုးဖြတ် အခွန်စည်းကြပ်သတ်မှတ်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

ပြည်ပက ယန္တရားတင်သွင်းမည့် လိုင်စင်အသစ်များကို ၂ဝ၁၈ ကစ၍ WTO valuation အတိုင်း အခွန်စည်းကြပ်သွားမည်ဖြစ်ရာ WTO valuation အချက် ၆ ချက်ဖြင့် ဈေးနှုန်း သတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်းသိရ သည်။

"ယန္တရားကားတွေကို အရင်လို agenda ထိုင်ပြီး မဆုံးဖြတ်တော့ဘူး။ တင်သွင်းလာတဲ့ ဈေးနှုန်း အပေါ်မှာပဲ ကြည့်ပြီး တန်ဖိုးဖြတ်စည်းကြပ်သွားမှာပါ။ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ကြည့်မယ်။ ပြီးရင် ဈေးနှုန်းတစ်ခု သတ်မှတ်ပေးမယ်။ တစ်ကယ်ဝယ်ခဲ့တဲ့ ဈေးနှုန်းအထောက်အထားတွေတော့ တင်ပြဖို့လိုပါတယ်။" ဟု အကောက်ခွန်ဦးစီးဌာန ကတာဝန်ရှိသူက ပြောကြားသည်။

ပြည်ပနိုင်ငံများမှ လုပ်ငန်းသုံး ယာဉ်ယန္တရားများကို CIF တန်ဖိုး ထုတ်ပြန်ခြင်းမရှိဘဲ တင်သွင်းလာသည့် ဈေးနှုန်းအတိုင်း အကောက်ခွန် စည်းကြပ်တန်ဖိုး သတ်မှတ် သွားမည်ဖြစ်ပြီး ဝယ်ယူထားသည့် ဈေးနှုန်းအထောက်အထား ထပ်မံတင်ပြလာပါက ဈေးနှုန်းပြင်ဆင်မှုအပေါ် လက်ခံဆောင်ရွက်ပေးသွားမည် မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ယန္တရား များတင်သွင်းရာတွင် စည်ကြပ်တန်ဖိုးသတ်မှတ်ရာ၌ သွင်းကုန်လိုင်စင်/ပါမစ် မူရင်း၊ invoice မူရင်း၊ packing list မူရင်း၊ sale contract မူရင်း၊ bill of landing မူရင်း၊ insurance မူရင်း၊ ပင်ရင်းဒေသ သက်သေခံလက်မှတ်မူရင်း၊ dealership contract မူရင်း၊ ဘဏ်ငွေလွဲ အထောက်အထား (လိုအပ်ပါက)၊ ကုန်တင်ပို့သည့်နိုင်ငံမှ ထုတ်ပေးသည့် ပို့ကုန်ကြေငြာလွှာ (လိုအပ်ပါက) ၊ လေလံအောင်မြင်သည့် အထောက်အထား ၊ တစ်ဖက်နိုင်ငံမှ Tax Refund အထောက်အထား (လိုအပ်ပါက)အချက်အလက်များ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်သည်။

Author