ဆိပ်ကမ်းရောက်ကားများ၏ CIF တန်ဖိုးကို invoice အတိုင်း ထုတ်ပြန်မည်မဟုတ်ဘဲ CIF ဇယားအတိုင်း တရားဝင်ကြေငြာသွားမည်

0

Full article

၂ဝ၁၇ခုနှစ်အတွက် ပြည်ပမှကားတင်သွင်းရာတွင် ဆိပ်ကမ်းရောက် CIF တန်ဖိုးများကို invoice အတိုင်း ကောက်ခံမည်မဟုတ်ဘဲ နှစ်စဉ်ထုတ်ပြန်နေကျအတိုင်း CIF ဇယားဖြင့်သာ လာမည့်အပတ်တွင် ကြေငြာပေးသွားမှာဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက်ကားများကို တင်သွင်းလာသော နိုင်ငံမှ invoice အတိုင်းကောက်ခံသွားမည်ဟု သတင်းများထွက်ပေါ်နေခဲ့သည်။ ထိုသတင်းများနှင့်ပက်သက်၍ အကောက်ခွန်ဦးစီးဌာန ညွန်ကြားရေးမှူးတစ်ဦးက Cif တန်ဖိုးဇယားအတိုင်းပဲ အခွန်စည်းကြပ်ကောက်ခံမှာပါ။invoice အတိုင်းဈေးနှုန်းကောက်ခံဖို့ မဖြစ်နိုင်သေးပါဘူး။Cif တန်ဖိုးကို လာမယ့်အပတ်မှာ ကြေငြာပေးသွားမှာဖြစ်ပါတယ်။လို့ အထက်ပါပုဂ္ဂိုလ်က ပြန်လည်ဖြေကြားခဲ့သည်။

ယခုထွက်ရှိလာမည့် Cif တန်ဖိုးများကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထာ့းပီးဖြစ်ရာ အကောက်ခွန်ဦးစီးဌာန website မှလည်းကြေငြာပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ကားဈေးကွက် ကျွမ်းကျင်သူများက ၁၃၅ဝ စီစီအောက်ကားများ၏ cif တန်ဖိုးများ သိသာစွာပြောင်းလဲမှူမရှိနိုင်သောလည်း မိုဒယ်မြင့်ကားများ၏ ဈေးနှူန်းပြောင်းလဲလာနိုင်တယ်လို့သိရပါတယ်။ခေတ်သစ်

Author