အောက်တိုဘာ ၁ ရက်မှစ အခွန်နှုန်းထား တိုးမြင့်ကောက်ခံမှာဖြစ်၍ လုပ်ငန်းသုံးကားများ CIF တန်ဖိုးအလိုက် သိန်း ရာဂဏန်းအထိ ဈေးနှူန်းမြင့်တက်နိုင်

0

Full article

ပြည်ပမှတင်သွင်းလာသည့် Truck နှင့် Bus ကားများအား အောက်တိုဘာလ ၁ ရက်မှစ၍ အကောက်ခွန်နှူန်းထား တိုးမြင့်ကောက်ခံမည်ဆိုပါက လုပ်ငန်းသုံးကားများနဲ့ Bus ကားများအတွက် သတ်မှတ်ထားသည့် CIF တန်ဖိုးများကွာခြားသွားတဲ့ နှုန်းတွေအလိုက် အခွန်ပေးဆောင်ရသည့် ဈေးနှူန်းမြင့်တက်လာမှာ ဖြစ်တယ်လို့ လုပ်ငန်းသုံးကားများတင်သွင်းနေသူများကပြောကြသည်။ "အကောက်ခွန်နှူန်းထား က ၃ ရာခိုင်နှုန်း ကနေ ၁ဝ ရာခိုင်နှုန်း တက်လာမယ်။ လုပ်ငန်းသုံးကားတွေ CIF တန်ဖိုး ကွာသွားတဲ့ အလိုက် အခွန်နှူန်းကလည်း တက်လာမယ်။ CIF များတဲ့ကားတွေဆို သိန်း ၁ဝဝ လောက်တောင် ကျလာနိုင်တယ်။ အခွန်နှူန်းတက်လာရင် ရောင်းဈေးကလည်း တက်လာနိုင်တယ်။"

ဟု လုပ်ငန်းသုံးကားကြီးများတင်သွင်းရောင်းချနေသူ ကိုငယ်လေးက ပြောပါတယ်။ လာမည့် အောက်တိုဘာလ ၁ ရက်ကစပြီး ပြည်ပက တင်သွင်းသည့် မော်တော်ယာဉ်နှင့် ပက်သက်သည့် လုပ်ငန်းသုံးကားများနှင့် ၁ဝ ယောက်စီးအထက် BUS ကားများ ကို အကောက်ခွန် ၃ ရာခိုင်နှုန်း အစား ၁ဝ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး အခြားကုန်ပစ္စည်းများဖြစ်

ကြောင်းသိရသည်။ အကောက်ခွန်နှူန်းထားများ ပြောင်းလဲ တိုးမြင့်လာမှူကြောင့် လုပ်ငန်းသုံး Hijet ကားများမှာ ၅သိန်း ဝန်းကျင်၊ ၆ ဘီး ထရပ်ကားများမှာ၁၂သိန်း ဝန်းကျင်၊ ၁၂ ဘီးထရပ်ကားများမှာ သိန်း ၃ဝ ဝန်းကျင် နှင့် CIF တန်ဖိုးများပြားစွာ ပေးဆောင်ရသည့် ယန္တရား ကားကြီးများမှာ သိန်း ၁ဝဝ ဝန်းကျင်အထိ ် အခွန်ပေးဆောင်တာ များလာမှာ ဖြစ်သည်။ လက်ရှိ မူဝါဒ အကောက်ခွန်နှူန်းထားအရ CIF အရမ်းများတဲ့ Mobile crane ၂၅ တန် ဖြစ်ပါက ဒေါ်လာ ၃သိန်း ရှိရာ သိန်း ၄ဝဝ ဝန်းကျင်ဆောင်ရ၍ တိုးမြင့်လိုက်တဲ့ အခွန်နှူန်းထားဆိုရင် သိန်း ၇ဝဝ လောက် အခွန်ကျသင့်မှာ ဖြစ်ပါတယ် လို့သိရပါသည်။

ခေတ်သစ်

Author