လာမည့်နှစ်တွင် CIF တန်ဖိုးထုတ်ပြန်တော့မည်မဟုတ်ဘဲ ကားမှာယူသည့် လေလံအောင်ဈေးကို အတည်ပြု နိုင်

0

Full article


လာမည့်နှစ်တွင် ပြည်ပမှတင်သွင်းရသည့် မော်တော်ယာဉ်များကို သတ်မှတ် CIF တန်ဖိုးထုတ်ပြန်တော့မည်မဟုတ်ဘဲ ကားမှာယူသည့် လေလံအောင်ဈေးကို အတည်ပြု နိုင်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် ကြီးကြပ်မှူ ကော်မတီမှ သိရပါသည်။ "လာမယ့်နှစ်မှာ CIF တန်ဖိုးကို မူရင်းနိုင်ငံရဲ့ လေလံဈေးနှူန်းအတိုင်းကောက်ခံဖို့ရှိတယ်။

ဂျပန်သံရုံးက လည်း ကားတန်ဖိုးဖြတ်တဲ့အပိုင်းကို ပြင်ဆင်ဖို့ တင်ပြထားတယ်။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများ ကြီးကြပ်မှူကော်မတီ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြည်ပနိုင်ငံများမှ ကားတင်သွင်းရာတွင် တန်ဖိုးနှူန်းထား သတ်မှတ်ထားသည့် CIF တန်ဖိုးအတိုင်းသာ ကောက်ခံသွားရန် ဂျပန်သရုံးမှ လာကောက်ဆွေးနွေးထားမှူများရှိနေပြီး လက်ရှိကောက်ခံနေသည့် CIF တန်ဖိုးများပြင်ဆင် သွားရန်ရှိကြောင်း သိရပါသည်။ လာမယ်နှစ် ပြည်ပနိုင်ငံတွေမှ ကားတင်သွင်းနေမှုများသည် မကြာခဏ ပြောင်းလဲနေသော မူဝါဒများနဲ့ အခွန်နှူန်းထား တိုးမြင့် သတ်မှတ်ထားလာသောကြောင့် ကားတင်သွင်းသည့် အရေအတွက်မှာ ပိုမို ကျဆင်းသွားလာနိုင်တယ်လို့ ကားတင်သွင်းသူများက ခန့်မှန်းထားကြပါသည်။

ခေတ်သစ်

Author