၂ဝ၁၈ တွင် CIF တန်ဖိုးမထုတ်ပြန်ဘဲ အမှန်တစ်ကယ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှူန်းအပေါ်အခွန်စည်းကြပ်သွားရန်ရှိ

0

Full article

Photo Credit

၂ဝ၁၈ တွင် ပြည်ပနိုင်ငံက မော်တော်ယာဉ်များ ဝယ်ယူရာ၌ ဆိပ်ကမ်းရောက်တန်ဖိုး CIF ကို ထုတ် ပြန်ခြင်းမျိုး လုပ်ဆောင်တော့မည်မဟုတ်ဘဲ အမှန်တကယ်ဝယ်ယူခဲ့သော ဈေးနှုန်းကို အထောက် အထားအတိကျ တင်ပြလာရမှာဖြစ်ပြီး ယင်းဈေးနှုန်းအပေါ် တန်ဖိုးဖြတ် အခွန်စည်းကြပ်သွားမည် ဟု အကောက်ခွန်ဦးစီးဌာနက သိရသည်။

"လာမယ့်နှစ်မှာ ဘယ်မောင်းကားတွေပဲ တင်သွင်းရမယ်ဆိုရင် CIF ဈေးတွေကိုလည်း လျှော့ချပေးသင့်ပါတယ်။ ကားသွင်းတဲ့ မိုဒယ်လည်း ကန့်သတ်မယ် ဘယ်မောင်းကားပဲ သွင်းရမယ်ဆိုရင်တော့ ကားဈေးက ပိုပြီးတက်လာဖို့ပဲရှိတယ်။ ကားတစ်စီးသွင်းမယ်ဆိုရင် ကောက်နေတဲ့ အခွန်တွေကလည်းအများကြီးဖြစ်နေတယ်။ နိုင်ငံကလည်း အရမ်းကြီး မတိုးတက်သေးတဲ့အချိန်မှာ အကုန်လုံးလိုက်ပြီး ကန့်သတ်နေတယ်ဆိုရင် ပြည်ပက ရင်းနှီးမြုပ်နှံတဲ့သူတွေလည်း ဝင်လာမှာ မဟုတ်သလို လုပ်ငန်းရှင်တွေလည်း အလုပ်အကိုင်တွေပျက်သလောက်ဖြစ်နေပြီ။"ဟု ပြည်ပကနေ ကားတင်သွင်းနေသူ ဦးအောင်ကျော်ဦးက ပြောပါတယ်။

၂ဝ၁၈တွင် ပြည်ပမှ ကားတင်သွင်းမှုကို ဘယ်မောင်း မိုဒယ်မြင့်ကားများသာ တင်သွင်းခွင့်ပြုမည်ဆိုလျှင် အခွန်ဈေးနှုန်းများ လျှော့ချပေးရန်လိုအပ်ပြီး ကားဈေးနှူန်းမြင့်တက်လာမှုကို ထိန်းချူပ် ပေးရန်လိုအပ်သည်ဟု ကားတင်သွင်းနေသူအများစုက ပြောကြသည်။

ခေတ်သစ်

Author