Full article

၂ဝ၁၄ ခုနှစ် CIF တွင် တန်ဖိုး သိသိသာသာ လျှော့ချပေးလိုက်သော Mark X ကားများကို အပြိုင်အဆိုင် ဝယ်ယူမှုများ ရှိလာနိုင်သောကြောင့် လေလံဈေးနှုန်း များ မြင့်တက်လာဖွယ်ရှိကြောင်း ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

790142

CIF တန်ဖိုးသစ်တွင် လူကြိုက်များသည့် Mark X ကားများကို မိုဒယ်အလိုက် ဒေါ်လာ နှစ်ထောင်မှ လေးထောင်အထိ တန်ဖိုး လျှော့ချခဲ့သောကြောင့် ထိုကားများ၏ ဝယ်လိုအားမှာ ယခင်နှစ်များထက် မြင့်တက်လာဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။ ဂျပန်လေလံများ မပိတ်ခင် ဒီဇင်ဘာလ အတွင်းဖြစ်ပေါ်ခဲ့သော လေလံဈေးနှုန်းများအရ Mark X 2004 မိုဒယ်ကို ယန်းခြောက်သိန်း မှ ယန်းရှစ်သိန်းအထိရှိပြီး အခွန် ၆၅ သိန်းဝန်းကျင်၊ တခြား စရိတ် ငါးသိန်းဝန်းကျင်နှင့် စလစ်တန်ဖိုးပေါင်းပါက ၂၄၅ သိန်း ဝန်းကျင်ရှိ မည် ဖြစ်ကြောင်း ကားတင်သွင်းသူများထံမှ သိရှိရသည်။

Ref: Automobile

Author