လာမည့်နှစ် ကားတင်သွင်းသည့် CIF AV Value ကို မူရင်းဈေးနှူန်းအတိုင်း အခွန်စည်းကြပ်သွားရန်ရှိ

0

Full article

![](/redline/content/images/2017/07/34t34t3-300x200.jpg)

_ Photo Credit_

လာမည့်နှစ် ကားတင်သွင်းသည့်CIF AV Value ကို မူရင်းနိုင်ငံမှ မှာယူတင်သွင်းသည့် ဈေးနှူန်းအတိုင်းအခွန်စည်းကြပ်သွားရန်ရှိနေကြောင်း အကောက်ခွန်ဦးစီးဌာနနဲ့ နီးစပ်သည့် အသိုင်းအဝိုင်းများကနေသိရပါတယ်။ ပြည်ပနိုင်ငံများကနေ ကားတင်သွင်းရာတွင် အမှန်ဝယ်ယူသည့် CIF တန်ဖိုးအတိုင်းသာ ကောက်ခံသွားရန် ဂျပန်သရုံးမှ လာကောက်ဆွေးနွေးထားမှူများရှိနေပြီး လက်ရှိကောက်ခံနေသည့် CIF တန်ဖိုး ပြန်လည်ပြင်ဆင်သွားရန်ရှိတယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံက လုပ်ငန်းသုံးယာဉ်ယန္တရားများကြီးများ တင်သွင်းလာခြင်းကို လည်း ဝယ်ယူတင်သွင်းသည့် နိုင်ငံ၏ ဈေးနှူန်းအထောက်အထား ကို ပြသလာပါက လက်ခံဆောင်ရွက်ပေးတာကို လုပ်ဆောင်နေလျှက်ရှိသည်။ ယခုနှစ်တွင်လည်း ပြည်ပမှတင်သွင်းသည့် ကားများ၏ CIF တန်ဖိုးများထုတ်ပြန်ထားရာတွင် အချို့ သော ကားများ၏ ဈေးနှူန်းမှာ မူရင်းဝယ်ယူရသည့် နိုင်ငံ၏ ဈေးထက် များပြားနေသည့်အတွက် လာမယ့်နှစ်တွင် ကားတင်သွင်းသူများက CIF နှူန်းထား လျှော့ချ ပေးရန်လိုလားနေလျှက်ရှိကြပါသည်။ လာမယ့်နှစ် လူစီးကားများဖြစ်တဲ့ luxury ကားများ CIF တန်ဖိုးကိုလည်း မူရင်းဝယ်ယူခဲ့သည့် ဈေးနှူန်းအတိုင်းကောက်ခံသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ လာမည့်နှစ် ဘယ်မောင်းကားများကို ဦးစားပေးတင်သွင်းခွင့်မည်ဆိုလျှင် ထိုကားများတင်သွင်းရန် အခွန်နှူန်းထားများကိုလည်း တင်သွင်းသူများ အဆင်ပြေအောင် လုပ်ဆောင်ပေးသင့်ကြောင်း သိရသည်။

ခေတ်သစ်

Author