တရုတ်နိုင်ငံထုတ် လူစီးယာဉ်များ နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့် ပြန်လည်ခွင့်ပြုပေးရန်ရှိ

0

Full article

တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခြင်းကို မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တင်သွင်း ခွင့်ပြုပေးထားလျက်ရှိရာ လူစီးယာဉ်များကိုပါ ပြန်လည်တင်သွင်းခွင့်ပြုသွားရန် ရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

"တရုတ်နိုင်ငံထုတ်လုပ်ငန်းသုံးကားတွေကို မူဆယ်ကုန်သွယ်ရေးဇုန်ကနေ တင်သွင်းခွင့်ပေးထားတယ်။လူစီးကားတွေကိုလည်း ပြန်ပြီးတင်သွင်းခွင့်ပေးဖို့ အသေးစိတ်ပြန်ဆွေးနွေးဖို့ရှိတယ်။ အကယ်၍ တရုတ်နိုင်ငံက လူစီးကားတွေ တင်သွင်းခွင့်ပေးရင်လည်း CO ဖြစ်တဲ့ country origin ဖြစ်တဲ့ကားတွေပဲရမယ်။ ပြန်ဆွေးနွေးဖို့တော့လုပ်နေပါတယ်။" ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

တရုတ်နိုင်ငံမှ လူးစီးကားများနှင့် လုပ်ငန်းသုံးကားများကို တင်သွင်းခွင့်ပြုထားသော ကြေငြာချက်ထုတ်ပြန်ထားခဲ့ပြီး ကြေငြာချက်မှားယွင်းသည်ဟု ဆိုကာ လုပ်ငန်းသုံးကားများကိုသာ လက်ရှိတွင်တင်သွင်း ခွင့်ပြုထားကြောင်းသိရသည်။

Author