စိတ်လှုပ်ရှားမှုများစွာဖြင့် ဖြတ်သန်းရမည့် ချီကာဂို ကားပြပွဲ နေ့ရက်များ

0

Full article

Photo Credit

ချီကာဂို ကားပြပွဲကို ၁၉ဝ၁ တွင် ချီကာဂိုမြို့ ဝဘတ်ရှ်(Wabash) ရိပ်သာရှိ ချီကာဂိုပြဇာတ်ရုံကြီး၌ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉ဝ၁ ပြပွဲတွင် လာရောက်ကြည့်ရှုသူများ စမ်းသပ်မောင်းနှင် နိုင်ရန် လျှစ်စစ်စွမ်းအင်သုံးကားငါးစီး၊ ရေနွေးငွေ့စွမ်းအင်သုံးကားသုံးစီးနှင့် လောင်စာဆီစွမ်းအင်သုံး ကားနှစ်စီး စုစုပေါင်း ကား ၈ စီးကို ပြသထားသည်။ ၁၉ဝ၂ တွင် ကားတစ်ရာခန့်ပြသခဲ့ပြီး လာရောက် ပြသသူများ၏ နေရာလိုအပ်ချက်အရ ဇတ်ရုံအတွင်း ကားစမ်းသပ်မောင်းနှင်မှုအစီအစဉ်ကို ရပ်နား ခဲ့သည်။ ၁၉၂ဝ ကျော်ကာလများတွင် ကားလုပ်ငန်းစု အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့ရာ ချီကား ဂိုကားပြပွဲမှာ အမျိုးသားအဆင့်ကားပြပွဲအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားလာခဲ့သည်။


Photo Credit

၁၉၃၅ အရောက်တွင် အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး ကားရောင်း ဝယ်ရေး အဖွဲ့အစည်းဖြစ်သော ချီကာဂိုကားကုန်သွယ်ရေးအစည်းအရုံး (CATA) မှာ ပြပွဲကို အဓိက ကျင်းပပြုလုပ်သည့် အဖွဲ့အစည်းဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်တော့ ကားလုပ် ငန်းများမှာ စစ်ပွဲအတွက် စစ်ဘက်သုံး မော်တော်ယာဉ်များ ထုတ်လုပ်နေရခြင်းကြောင့် ချီကာဂိုကား ပြပွဲကို ၁၉၄၁ ကနေ ၁၉၄၉ အထိ ကျင်းပနိုင်ခဲ့ ခြင်းမရှိခဲ့ပါ။ ၁၉၆၁ မှစတင်ကာ ချီကာဂိုကားပြပွဲကို စတုရန်းပေ ၁ သန်းခန့် ကျယ်ဝန်းသော McCormick Place ခန်းမသို့ ပြောင်းလဲကျင်းပပြု လုပ်ခဲ့ရာ ယခုထိတိုင်ပင်ဖြစ်သည်။


Photo Credit

ချီကာဂိုကားပြပွဲကို နှစ်စဉ် ဖေဖော်ဝါရီလအတွင်း ၁ဝ ရက်ခန့်ကျင်းပပြုလုပ်သည်။ အကြိုသတင်း စာရှင်းလင်းပွဲကို စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ ကားသတင်းထောက်များက ကားလုပ် ငန်းများအသီးသီး၏ သတင်းရှင်းလင်းပွဲများကို တက်ရောက်ခြင်း၊ ကားလုပ်ငန်းအမှုဆောင်များနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခြင်း၊ ပြသထားသော ကားများကို ဓာတ်ပုံရိုက်ယူခြင်းတို့ကို နှစ်ရက်ခန့် လုပ်ဆောင်ကြသည်။ နောက်ရက်တွင် ချီကာဂိုမြို့၏ တစ်ရက်တည်းသာ ကျင်းပပြုလုပ်သော လှူဒါန်းငွေထည့်ဝင်ပွဲကို ပြပွဲအတွင်း ကျင်းပပြီး ကားလုပ်ငန်း နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ အရာရှိများက လှူဒါန်းငွေများ ထည့်ဝင်ကြသည်။ လွန်ခဲ့သော ၂၈ နှစ်ကတည်းက စတင်၍ ယင်းလှူ ဒါန်း ငွေထည့်ဝင်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယခုဆိုလျှင် ကန်ဒေါ်လာ ၄၈ သန်းရရှိနေပြီဖြစ် သည်။ ယင်းငွေများကို ချီကာဂိုမြို့ရှိ လူသားအကျိုးပြု ပရဟိတအဖွဲ့ ၁၈ ဖွဲ့သို့ ပေးအပ်လှူဒါန်း ခြင်းဖြစ်သည်။

Photo Credit

ချီကာဂိုကားပြပွဲတွင် လူအများ စိတ်ဝင်စားဆုံး အရာမှာ ကားလုပ်ငန်းများက ပြပွဲအတွင်း ဖန်တီးထား သည့် ကားများ စမ်းသပ်မောင်းနှင်ရာနေရာများဖြစ်သည်။ တိုယိုတာ၊ ဂျစ်၊ မာစီဒီး အစရှိသည့် ကားလုပ်ငန်းများက သူတို့၏ ကားများကို စမ်းသပ်မောင်းနှင်ဖို့ နေရာများ ဖန်တီးထားရာ ပြပွဲကို လာ ရောက် ကြည့်ရှုသည့် ကားချစ်သူများမှာ ယင်းနေရာများအတွင်း လှည့်ပတ်စမ်းသပ်မောင်း နှင်ကာ ကားသစ်များ၏ အခြေအနေကို စမ်းစစ်လေ့လာကြသည်။ ထို့အပြင် ချီကာဂိုကားပြပွဲက စီဆင်ပေး ထားသည့် test and drive station နေရာများတွင်လည်း Mazda, Kia, Ford နှင့် Subaru ကားများကို မောင်းနှင်နိုင်သည်။

Photo Credit

ချီကာဂိုကားပြပွဲကို လာရောက်ကြည့်ရှုကြသော ကားချစ်သူမိသားစုများအတွက် Chrysler Pacifica Family Fun နှင့် Chevrolet Dealers Blackhawks Family Fun နေရာများကိုလည်း ထားရှိပေးထား ပါသည်။ ယင်းနေရာတွင် ကလေးများအတွက် ကစားကွင်းများရှိသလို ဖျော်ဖြေရေး အစီအစဉ်များ လည်း ထည့်သွင်းထားသည်ဖြစ်ရာ မိသားစုအလိုက်လာရောက်ကြည့်ရှုသူများ အမှန်တကယ် ပျော်ရွှင်စေသောပြပွဲဖြစ်ပါသည်။ Ford ကစီစဉ်ပေးသည့် hydraulic စနစ်ဖြင့် မောင်းနှင်သည့် စက်ရုပ်မော်တော်ကားကိုလည်း လာရောက်ကြည့်ရှုသူများက အထူးကြိုက်နှစ်သက်ကြပါသည်။ ထို့အပြင် အထူးစပွန်စာပေးထားသည့် လုပ်ငန်းများက ပေးအပ်သော ကံစမ်းမဲအစီအစဉ်များ၊ အထူး လျော့ဈေးအစီအစဉ်များကိုလည်း ပြပွဲတွင် ပါဝင်ပါသည်။

Ref: wiki, chicagoautoshow.com

Author