CHEVROLET Trailblazer 2017မော်ဒယ်၏ Brand Ambassador ခန့်အပ်

0

Full article

![](/redline/content/images/2017/05/P1015795-300x225.jpg)

Chevrolet မှ ၂ဝ၁၇ မော်ဒယ်အသစ်အတွက် Brand Ambassador အဖြစ် တေးသံရှင်အာဇာနည် အားခန့်အပ်ခြင်းနှင့် ကားပေးအပ်လွှဲပြောင်းခြင်းအခမ်းအနားကို (၂ဝ၁၇)ခုနှစ်၊ မေလ (၂၂)ရက် တွင် Pacific Alpine Myanmar Ltd တည်ရှိရာ အမှတ်(၂၄၂)၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။



Brand Ambassador ရွေးခြယ်မှုနှင့်ပတ်သက်၍လည်း Chevrolet Trailblazer ကားကမိသားစုစီး ဘက်စုံသုံးနိုင်တဲ့ SUV ကားအမျိုးစားဖြစ်ပါတယ်။ အဆိုတော်အာဇာနည်နဲ့ မိသားစုကိုရွှေးခြယ်ဖြစ်တာကလည်း သူတို့မိသားစုက ပြည်သူသိတဲ့ ချစ်တဲ့နာမည်ကျော်အနုပညာရှင်မိသားစုလည်းဖြစ်တယ်။ ပြီးတော့ဘယ်သွားသွား မိသားစုအတူတူသွားတတ်တယ်။ Trailblazer ကလည်း ဒီလိုမျိုးမိသားစုတွေ အတူတကွစီးနှင်းနိုင်ပြီး လုံခြုံစိတ်ချရတဲ့ နည်းပညာတွေပါဝင်တဲ့ကားဖြစ်လို့ သူတို့မိသားစုနဲ့ သင့်လျှော်ကိုက်ညီတယ်လို့ သတ်မှတ်တဲ့အတွက် Brand Ambassador ရွှေးခြယ်ခန့်အပ်ဖြစ်သွားတာပါ ဟု Pacific Alpine၏ အမှုဆောင်ဒါရိုက်တာ ဒေါ်စောနေနွယ် မှ ပြောကြားခဲ့ပါတယ်။ တေးသံရှင် R-ဇာနည်အား (၂ဝ၁၇) မော်ဒယ် Chevrolet Trailblazer ကားသစ်လေး၏ Brand Ambassadorအဖြစ်ခန့်အပ်ပြီး (၂ဝ၁၇) မော်ဒယ် Trailblazer ကားသစ်ကိုတစ်နှစ်တာစီးနှင်းနိုင်ရန်အတွက်ပေးအပ်သွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။ တေးသံရှင် R-ဇာနည်အနေနှင့် ယခုပေးအပ်သော 2017 Chevrolet Trailblazer ကို Show ပွဲများ၊ အခြားအခမ်းအနားများသို့သွားရောက်ခြင်းတို့အပါအဝင် တစ်နှစ်ပတ်လုံးစီးနှင်းပေးရန် နှင့် တေးသံရှင် R-ဇာနည် ၏ လူမှုကွန်ယက်စာမျက်နှာ (Facebook) တွင်ယခုစီးနှင်းနေသော Chevrolet Trailblazer နှင့်ပတ်သက်၍ ကိုယ်တိုင်ရိုက်ထားသောကားပါ ပါဝင်သည့် ဓာတ်ပုံနှင့်အတူ တစ်လလျှင် (၂)ကြိမ် တင်ပေးမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ Chevrolet Trailblazer မော်ဒယ်အသစ်လေးသည် မြန်မာနိုင်ငံကားဈေးကွက်အတွက်ရေးပါပြီးရောင်းအားအကောင်းဆုံးသော SUV အမျိုးစားထဲတွင်တစ်ခုအပါဝင်ဖြစ်ပြီး အဆင့်မြင့်နည်းပညာများအပြင် လုံခြုံရေးဆိုင်ရာနည်းပညာ အများအပြားပါဝင်ကြောင်းသိရှိရပါတယ်။

Author