Chevrolet ၏ ထင်ရှားသောအမှတ်တံဆိပ်ဖြစ်သည့် Malibu သည် လွန်ခဲ့သောနှစ်ပေါင်း (၅ဝ)ကျော်ကတည်းက Chevelle နာမည်နှင့် ထုတ်လုပ်ရောင်းချခဲ့ရာ ပထမတစ်နှစ်အတွင်း စီးရေ နှစ်သိန်းကျော် စံချိန်တင်ရောင်းချခဲ့ရသည်။ Malibu အောင်မြင်မှုကြောင့် General Motor အနေနှင့် ကမ္ဘာ့ရောင်းအားအကောင်းဆုံးအဆင့်ဝင်ခဲ့ပြီး Malibu မှာလည်း General Motor ၏ ရောင်းအးအကောင်းဆုံး မော်ဒယ်တစ်ခု အဖြစ် စာရင်းဝင်သွားသည်။
- ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း (၁ဝဝ) နီးပါးတွင် ဈေးကွက်ရရှိထားသည်။
- တိကျလှပသောကိုယ်ထည် နှင့် အတွင်းခန်းတွင် အရည်အသွေးမြင့်ပစ္စည်းများ အသုံးပြုထားသည်။
- အကောင်းဆုံး စွမ်းဆောင်ရည်အဆင့်ရှိ Ride and Handling Package အသစ် တပ်ဆင်ထားသည်။
သွင်ပြင်လက္ခဏာအသစ်ဖြင့် The All-New 2015 Malibu သည် Luxury တန်းဝင် ကားတစ်စီးဖြစ်ပြီး နည်းပညာမြင့် Ecotec 1.6L အင်ဂျင်ကို စွမ်းဆောင်ရည်မြင့် Turbo Charged ဖြင့် ပေါင်းစပ်ထားကာ ဆီစားသက်သာစေရန်၊ တာရှည်ခံစေရန် နှင့် ယာဉ်အလေးချိန်ကိုပေါ့ပါးစေရန် ထုတ်လုပ်ထားသည်။ အော်တိုဂီယာ (၆) ချက်ထိုးစနစ်ဖြစ်ပြီး Turbo Charged အင်ဂျင်မှ မြင်းကောင်ရေ ၁၈၁ ကောင်အထိထုတ်ပေးနိုင်သည်။ သုည မှ ၁ဝဝ ကီလိုမီတာအကွာအဝေးကို ရောက်ရှိရန် (၉.၈) စက္ကန့်သာ ကြာမြင့်သောကြောင့် မြန်နှုန်းမြင့် ခံစားမှုကို ရရှိနိုင်မည်ဖြစ်ပြီး ပျမ်းမျှဆီစားနှုန်းမှာ ၁ဝဝ ကီလိုမီတာအတွက် ၈.၃ လီတာသာ ကုန်မည်ဖြစ်သောကြောင့် ဆီစားသက်သာသည်။
Malibu ၏ အခြားသော Exterior Features များ
- ဘော်ဒီဗျက်ကျယ်ပြီး ပြိုင်ကားဆန်သော အနေအထား နှင့် တိကျလှပသောကိုယ်ထည်အချိုးများ။
- လေတိုးသံ နှင့် ဆီစားနှုန်းကို လျော့ကျစေရန် တည်ဆောက်ထားသော Aerodynamic ကိုယ်ထည်။
- Chevrolet ၏ ဒီဇိုင်းသစ် Dual-Cockpit ဒိုင်ခွက်၊ တန်ဖိုးမြင့် ပစ္စည်းများနှင့် ဖွဲ့စည်းထားသော အလတ်စား ဆီဒင်တစ်စီး အနေနှင့် ကျယ်ဝန်းသော အတွင်းခန်း။
- ဥရောပထုတ်ကားများ၏ အငွေ့အသက်များပါဝင်သော Ride and handling ခံစားမှု။
- လုံခြုံစိတ်ချရမှုအတွက် အထူးမာကြောသည့် အဆင့်မြင့် Steel များ နှင့် သက်ကယ်လေအိတ် (၄)လုံး။
Malibu ၏ Exterior Design
Malibu ၏ Exterior Design ကို ဖန်တီးရာတွင် မိသားစုစီး ဆီဒင်တစ်စီးအနေနှင့် Sport ဆန်သောအငွေ့အသက် ပါဝင်စေရန် Camaro နှင့် Corvette တို့၏ DNA ကို ယူ၍ ဖန်တီးထားသည်။ ကျယ်ဝန်းသော ကိုယ်ထည်၊ အနည်းငယ်ကား၍ မြင့်တက်နေသော ကိုယ်ထည်အချိုးအစား နှင့် အနောက်ဘက်တွင် Spoiler ကို ဘော်ဒီနှင့် တစ်ဆက်တည်းတည်ဆောက်ထားသောကြောင့် Malibu မှာ တက်ကြွသော ပုံစံနှင့် ပြိုင်ကားအသွင်ကို ပေါ်လွင်စေသည်။
Chevrolet ၏ Dual Port Grille ၊ Projector-beam ရှေ့မီးကြီးများ၊ အရှေ့ နှင့် အနောက်တွင် တပ်ဆင်ထားသည့် အနည်းငယ် ကြီးမားသော Chevrolet Bowtie တံဆိပ်၊ Camaro ၏ နောက်မီးနှင့် ဆင်တူသော နောက်မီးများ၊ Chrome ဖြင့် အလှဆင်ထားသော Dual Exhaust Outlets ၊ Electric Sunroof ၊ ၁၇ လက်မ အလွိုင်းခွေ၊ အားကောင်းသောရှေ့မီး တို့မှာ Malibu ကို ပို၍ ဝင့်ထည်စေသည်။
ကျယ်ဝန်းပြီး ကျော့ရှင်းသော Interior
Malibu အတွင်းခန်းကို ပိုမိုကျယ်ဝန်းစေရန် အနည်းငယ်ချဲ့ထားပြီး ယခင်မော်ဒယ်များထက် ၄ ကုဗပေ ( ၁၁၃ လီတာ ) နီးပါး ပို၍ကျယ်ဝန်းသည့်အတွက် ပခုံးနေရာနှင့် ထိုင်ခုံအကျယ်အတွက် နေရာပိုရမည် ဖြစ်သည်။ Chevrolet Malibu ၏ အတွင်းခန်းကို ခေတ်မှီနည်းပညာသုံး ပစ္စည်းများဖြင့် ဖွဲ့စည်းထားပြီး Dual-Cockpit Design က ဆန်းသစ်ပြီး ကျယ်ဝန်း၍ သက်တောင့်သက်သာရှိသောအတွင်းခန်း တို့က စီးနင်းချင်အောင် ဆွဲဆောင်နေသည်။
Malibu ၏ Steering လက်ကိုင်ခွေ၊ တံခါးလက်ကိုင်ကွင်း၊ Dashboard တို့တွင် Metallic နှင့် Chrome တို့ပေါင်းစပ်ထားပြီး Ice Blue အပြာရောင်မီးဖြင့် အလှဆင်ထားသောကြောင့် Chrome နှင့် Ice Blue ambient Lighting ပေါင်းစပ်မှုကို အလင်းရောင်အားနည်းသောအချိန်တွင် လှပစွာမြင်ရမည် ဖြစ်သည်။ Malibu ၏ အတွင်းခန်းအား ဆူညံသံလျော့ချပေးနိုင်ရန် နှင့် နူးညံ့သော ထိတွေ့ခံစားမှုရရှိစေရန် အထူးထုတ်လုပ်ထားသော Material များကို သုံးထားသည်။
Chevrolet Malibu တွင် နောက်ဆုံးပေါ်နည်းပညာများဖြစ်သော Bluetooth Connectivity ၊ Voice Command Recognition ၊ 5 GB ထိ သိမ်းဆည်းနိုင်မည့် Multimedia Storage တို့ထည့်သွင်းထားပြီး ခေါက်တင်၍ရသော ၆ လက်မခန့် ပစ္စည်းများထည့်ရန် နေရာပါသည့် 7 inches Touch Screen Radio Display တို့အပြင် အခြား Storage Area များ ပါဝင်သည်။
Malibu ၏ Interior Feature များ
- Driver information center with color display
- OsCar tested Leather-appointed seating
- Auxiliary and USB power outlets
- Leather-wrapped steering wheel (with audio and cruise controls) and shift knob
- JBL® Premium 9-speaker system
The New Malibu ၏ နောက် Cargo အကျယ်မှာ ၅၄၄ လီတာကျယ်ဝန်းသည်။
မောင်းနှင်မှု အတွေ့အကြုံသစ်
၂ဝ၁၅ မော်ဒယ် Chevrolet Malibu သည် တန်ဖိုးမြင့် Sport Seden ကားများကဲ့သို့ စွမ်းတောင်ရည်မြင့်ပြီး ငြိမ့်ညောင်းကာ ထိန်းချုပ်မှုအပိုင်းတွင် ကောင်းမွန်သည်။
ဆုရ Global Architecture များ နှင့် Engineer များမှ Malibu ကို လမ်းအမျိုးအစား အမျိုးမျိုးတွင် စမ်းသပ်မောင်းနှင်၍ လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင်ပြီး အကောင်းဆုံးအနေအထားရရှိအောင် ပြုလုပ်ထားသည်။
No. 1 Car Site in Myanmar
www.myanmarcarsdb.com