2018 Chevrolet Colorado High Country Centennial ထရပ်ကားကို ၂ဝ၁၈ ဇန်နဝါရီတွင် မြန်မာ နိုင်ငံကားဈေးကွက်သို့ စတင်မိတ်ဆက်

0

Full article

Chevrolet ကားများကို မြန်မာနိုင်ငံသို့ ဖြန့်ဖြူးရောင်းချနေသည့် Pacific-AA Motor Ltd.
Pacific Alpine Myanmar Ltd တို့က Chevrolet Colorado High Country Centennial ကားကို မြန်မာနိုင်ငံ ကားဈေးကွက်သို့ ၂ဝ၁၈ ဇန်နဝါရီတွင် စတင်မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။

ယင်းကားကို Chevrolet ၏ the Series 490 Light Delivery chassis ထရပ်ကား စတင်ထုတ်လုပ်ခြင်း နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်နှင့် Chevrolet ၏ တီတွင်ဖန်တီးမှုတို့ကို ဂုဏ်ပြုသောအားဖြင့် ထုတ်လုပ်ခြင်း ဖြစ် ကြောင်းသိရသည်။

ယင်းထရပ်ကားတွင် ထရပ်ကားထုတ်လုပ်ခြင်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အနေဖြင့် 100 years ဟူသော အမှတ်တံ ဆိပ်ကို ကားတံခါးတွင် တပ်ဆင်ထားပြီး အကန့်အသတ်ဖြင့် ထုတ်လုပ်ဖြန့်ချီသော ကားအမျိုးအစား ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Chevrolet My Link နောက်ဆုံးမျိုးဆက်နှင့် Siri Eyes free voice recognition system အစရှိသည့် အဆင့်မြင့်နည်းပညာများ ပါဝင်သည်။

B-01

Author