Full article

Chevorlet မှ မြန်မာနိုင်ငံ အထင်ကရမြို့များတွင် Sales, Service & Spare Parts-3S Centers များ ဖွင့်လှစ်ကာ နိုင်ငံတကာ အဆင့်မှီ တက်ကျွမ်းသော ဝန်ထမ်းများမှ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း Pacific AA Motor Ltd မှ သိရသည်။

A

Chevrolet သည် မြန်မာနိုင်ငံ ကားဈေးကွက်သို့ Pacific AA Group လက်အောက်ရှိ Pacific AA Motor Ltd အားတစ်ဦးတည်းသော ကားဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံလုံး အတိုင်းအတာဖြင့် ကားဖြန့်ချိရေးကွန်ရက်ကို တည်ဆောက်ကာ Chevrolet တွင်ရှိသော ကားမိုဒယ် အမျိုးအစားများကို ယခုနှစ် ဇန်နဝါရီ မှ စတင်ကာ ရောင်းချပေးလျက်ရှိသည်။ ထို့အတူ ကားစိတ်ဝင်စားသူများ အလွယ်တကူ လေ့လာနိုင်ရန် Chevrolet Brand ကားများ၏ အကြောင်းကို လေ့လာနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၏ အချက်အချာကျသော ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်တွင် Chervolet Brand Experience Center ကိုဖွင့်လှစ် ထားပြီး ဖြစ်သည်။ လက်ရှိ အချိန်တွင် Chevrolet Brand Experience Center အနေဖြင့် ကားအမျိုးအစား ငါးမျိုး တင်သွင်းရောင်းချ လျက်ရှိရာ Suburban ၊ Camaro ၊ Trailblazer ၊ Colorado နှင့် Corvette အစရှိသော ကားများဖြစ်သည်။ ထို့အတူ အဆိုပါကားများနှင့် ပတ်သက်၍ ကမ္ဘာအဆင့်အတန်းမှီ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင် မှု များနှင့် တကွကီလိုမီတာ တစ်သိန်းအထိ သုံးစွဲမှု အာမခံချက်များ ပေးထားကြောင်း Pacific AA Motor Ltd မှသိရသည်။

Ref : Automobile

Author