Full article

![chery_qq-500x372](/redline/content/images/2012/01/chery_qq-500x372.jpg)

Chery QQ ကားများကို တရုတ်နိုင်ငံမှ ကုမ္ဗဏီဖြစ်သော Chery Automobile မှ ၂ဝဝ၃ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် ထိုကုမ္ဗဏီမှ supermini ကားများနှင့် Chery QQ6 ကားအမျိုးအစားအသစ်များ ထုတ်လုပ်ချိန်တွင် Chery QQ ကားများကို Chery QQ3 ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။

Chery ကုမ္ဗဏီ၏ အဆိုအရ လွန်ခဲ့သော ၅နှစ်အတွင်း QQ3 ကားများအသုံးပြုသူပေါင်း ၅ သိန်းနီးပါးရှိပြီဟုသိရသည်။ ထို့ပြင် ပြည်တွင်း သတင်းဋ္ဌာနများမှ ပေးအပ်သောဆုပေါင်း ၈ဝ ကျော်ရရှိခဲ့ပြီး တရုတ်ပြည်သမိုင်းတွင် လွှမ်းမိုးမှုအရှိဆုံး မော်တော်ကားအမှတ်တံဆိပ်များထဲတွင် တစ်ခုအဖြစ်ပါဝင်ခဲ့သည်။

chery_qq_engine-500x375

သို့သော် Chery QQ ကားများသည် ကားပုံစံ၊ ကားအချိုးအစားများနှင့်ပတ်သက်ပြီး မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များတွင် အငြင်းပွားစရာများရှိခဲ့သည်။ General Motors ၏အဆိုအရ လည်းကောင်းတို့ထုတ်လုပ်သော Daewoo Matiz ကားပုံစံကို ကူးချထားခြင်းဖြစ်သည်။ ကားဖွဲ့စည်းတည်ဆောက်ပုံ၊ အပြင်ပိုင်း ဒီဇိုင်း၊ အတွင်းပိုင်း ဒီဇိုင်းနဲ့ အခြား အရေးကြီးအစိတ်အပိုင်းတွေမှာ Cherry QQ ကားဟာ Daewoo Matiz ကားနဲ့ အတူတူပါပဲ ဟု GM China Group ကဆိုသည်။

chery_qq_interior-500x375

Cherry QQ ကားသည် Daewoo Matiz ကားနှင့် ပုံစံချင်းတူသော်လည်း ကား၏လုံခြုံစိတ်ချရမှုပိုင်းတွင် သိသိသာသာကွာခြားသည်။ စမ်းသပ်ချက်များအရ ယဉ်တိုက်ခုက်မှုတွင် QQ ကားယဉ်မောင်း၏ ထိခိုက်ဒဏ်ရာရမှုသည် Matiz ကားနှင့်ယှဉ်လျှင် ပိုမိုထိခိုက်နိုင်သည်။ ယဉ်တိုက်ခိုက်မှုကြောင့် QQ ကား၏ယဉ်မောင်းတွင် ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရမှု ပိုဖြစ်နိုင်ကြောင်း စမ်းသပ်မှုများအရသိရသည်။

Chery QQ ကားများကို Iran, Philippines, Singapore, South Africa, Thailand, Chile, Vietnam, Pakistan, Sri Lanka နိုင်ငံများတွင် ရောင်းချလျှက်ရှိသည်။

Author