Full article

Chery QQ ကားများကို အပ်နှံခွင့်ပေးပြီးနောက် တက္ကစီ စလစ်ဈေးနှုန်းများကျဆင်းသွားခဲ့ကြောင်း ကား ဝယ်/ရောင်း များထံမှ သိရှိရသည်။ ဒီဇင်ဘာလဆန်းပိုင်းက Chery QQ ကားများကိုအပ်နှံခွင့်ပေးပြီးနောက် ထိုကားများဈေးကွက်မှာ မြင့်တတ်သွားခဲ့ပြီး ကကြီးတန်ကားများမှာ ဈေးနှုန်းကျဆင်းသွားခဲ့သည်။  ![Cherry-QQ-B-200x150](/redline/content/images/2014/01/Cherry-QQ-B-200x150.jpg)

Chery QQ ကားများကို တရားဝင်အပ်နှံခွင့်ပေးသည့် သတင်းထွက်လာပြီးနောက် တက္ကစီစလစ်ဈေးကွက်မှာ ကမောက်ကမ ဖြစ်ခဲ့ပြီး အရင် သိန်း ၅ဝ ဝန်းကျင်ရှိတဲ့ Chery QQ ကားတွေက သိန်း ၆ဝ နားကပ်သွားပြီး ၆၈ နားကပ်သွားပြီး၊ ၆၈ သိန်းဝန်းကျင်မှာရှိတဲ့ ကကြီးတန်းကားတွေက ၆၃ သိန်းထိပြုတ်ကျသွားပါတယ်။

Cherry QQ ကားများ အပ်နှံခွင့်ပေးခဲ့ပြီးနောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ တက္ကစီစလစ်ဈေးများမှာ Chery Qq ကားသည် ၆၁ သိန်းဝန်ကျင်၊ ကကြီးတန်းကားသည် ၆၃ သိန်းဝန်ကျင်နှင့် အမည်ပေါက် တက္ကစီစလစ် တစ်စောင်သည် ကျပ် ၆၈ သိန်းဝန်းကျင် ပေါက်ကြောင်းဈေးကွက်အတွင်းမှသိရှိရပါသည်။

Ref: Automobile

Author

Comments