ရွာသာကြီးရုံးသို့ ဦးစွာသွားရောက်ပြီး ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကိုဆောင်ရွက်ကြရန်ထုတ်ပြန်

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၏ ယာဉ်စစ်ဆေးရေးလုပ်ငန်းများကို တိုင်းဒေသကြီးရုံးခွဲဖြစ်သည့် ရွာသာကြီးရုံးသို့ ဦးစွာသွားရောက်ပြီး ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကိုဆောင်ရွက်ကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့် ၈-၆-၂၀၂၀ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးသည်လည်း အခြား ကညန ရုံးများနည်းတူ ၈-၆-၂၀ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင်ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။ သို့သော် ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးဝန်းသည် ပတ်ဝန်းကျင်ထက် မြေနိမ့်ပြီး မိုးရာသီတွင် အမြဲရေဝပ်လေ့ရှိသောကြောင့် ယခု ဘဏ္ဍာနှစ်တွင် မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြေဖို့၊ မြေညှိခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး၍ အပေါ်လွှာဂဝံမြေခင်းခြင်းဆောင်ရွက်နေချိန်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မော်တော်ယာဉ်များဝင်ရောက်ပါက ဗွက်နစ်ခြင်း၊ ဘီးချော်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထို့ကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး သို့ မော်တော်ယာဉ်သက်တမ်းတိုးလုပ်ငန်းဆောင်ရွက်ကြမည့် ပြည်သူများအနေဖြင့် online booking ရယူပြီးပါက သတ်မှတ်ချိန်များအတိုင်း ရွာသာကြီးတိုင်းဒေသကြီးရုံးခွဲသို့ ဦးစွာသွားရောက်ပြီး ယာဉ်စစ်ဆေးကြပါရန်နှင့် ယာဉ်စစ်ဆေးပြီးပါက သက်တမ်းတိုးမှတ်ပုံတင်လုပ်ငန်းများအား ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး တွင်ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး မေတ္တာရပ်ခံထားပါသည်။


ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဝင်ရောက်စစ်ဆေးနိုင်မည့်အခြေအနေအား ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။

Author