မတ်လ ၁ ရက်နေ့မတိုင်ခင် ဘောင်ဖောက်ထည့် Chassis နံပတ်ပါသောနေရာအား ပြင်ဆင်ထားသည့်ကားများကို ကြီးကော်သို့တင်ပြ၍ ဒဏ်ကြေးဖြင့်ပြန်လည်ထုတ်ပေးမည်

0

Full article


မတ်လ ၁ ရက်နေ့မတိုင်ခင် ဘောင်ဖောက်ထည့် Chassis နံပတ်ပါသောနေရာအား ပြင်ဆင်ထားသည့်ကားများကို ကြီးကော်သို့တင်ပြ၍ ဒဏ်ကြေးဖြင့်ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနက သိရပါတယ်။ကနဦးယာဉ်စစ်ဆေးရာ၌ မူလစက်ရုံထုတ်ပုံစံမျိူ းမဟုတ်ပဲ ဘောင်အမှတ်/ကိုယ်ထည်အမှတ် (Chassis Number) ပါသောနေရာအား ဖြတ်၍ ဖောက်ထည့်ခြင်း၊ကိုယ်ထည်အမှတ်များပြန်လည်ပြင်ဆင်ထားသည့် ကားများတွေ့ရှိနေရလျှက်ရှိရာ အဆိုပါကားများကို မတ်လ ၁ ရက်မှစ၍ ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးသွားမည်မဟုတ်ကြောင်း အသိပေးနှိူးဆော်ထားရှိပါတယ်။

ထိုရက်မတိုင်ခင်က ယာဉ်မှတ်ပုံတင်လာရောက်ပြုလုပ်သောကားများကိုလည်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောကြီးကြပ်ရေး ကော်မတီသို့ တင်ပြပီးမှသာ သတ်မှတ်ဒဏ်ကြေးဖြင့်ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အထိသာ ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

မတ်လ ၁ ရက်နေ့ကစပြီး ဘောင်ဖောက်ထည့်ဘောင်ကိုယ်ထည်အမှတ်ပြန်လည်ပြင်ဆင်ထားတဲ့ ကားတွေကို မှတ်ပုံတင်ပြုလုပ်ပေးမှာမဟုတ်ပါဘူး။ဖေဖော်ဝါရီ ၂၈ ရက်အထိ သတ်မှတ်ဒဏ်ကြေးနဲ့ ကြီးကော်ကိုတင်ပြပီး မှတ်ပုံတင်ပြုလုပ်ပေးမှာဖြစ်ပါတယ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနက သိရပါတယ်။

ဘောင်ဖောက်ထည့် ကိုယ်ထည်အမှတ်ပြန်လည်ပြင်ဆင်ထားသည့်ကားများကို ပြီးခဲ့သည့် ကြီးကော်အစည်အဝေးတွင်တင်ပြ၍ မှတ်ပုံတင်ပြုလုပ်ပေးခဲ့ပြီးဖြစ်ပြီး ထပ်မံတင်ပြထားသည့်ကားများလည်းရှိနေတယ်လို့သိရပါတယ်။

ယနေ့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ ထုတ်ပြန်လိုက်သည့်ကြေငြာချက်အသစ်အားတွေ့ရစဉ်

ခေတ်သစ်

Author