ယာဉ်တိုက်မှုဖြစ်ပွား၍ chassic တစ်ဝိုက်ကို ပြင်ဆင်ရမည်ဆိုပါက ကညနသို့ အထောက်အထားနှင့် တစ်ကွ အကြောင်းကြားကာ ပြင်ဆင်နိုင်ဟုဆို

0

Full article

ယာဉ်တိုက်မှုများဖြစ်ပွား၍ ယာဉ်၏ chassic တစ်ဝိုက်ကို ပြင်ဆင်မည်ဆိုပါက ကညန သို့ အထောက်အထားနှင့် တစ်ကွ အကြောင်းကြားကာ ပြင်ဆင်၍ ရနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

မော်တော်ယာဉ်၏ chassic တစ်ဝိုက် မထိခိုက်မိသော ပြင်ဆင်ထားမှုများကို အခွံချိန်း၊ အလုံးချိန်း body coach ပြောင်းလဲထားသောကားအဖြစ်သတ်မှတ်မည်မဟုတ်ဘဲ ယာဉ်၏ chassic အနားတစ်ဝိုက် ထိခိုက်မှုကို မိမိသဘောနှင့် ပြင်ဆင်ထားပါက ဖောက်စွပ်ကားအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

" ကားတစ်စီးက ထိခိုက်မိလို့ Chassicနဲ့တစ်ဝိုက်နေရာကို ပြင်ဆင်မယ်ဆိုရင် မူလပုံစံနဲကွဲသွားပြီ။ Chassicနဲ့တစ်ဝိုက်မဟုတ်ဘဲ တစ်ခြားနေရာကို ပြင်ဆင်ရင်တော့ ကိုယ့်ဘာသာအဆင်ပြေသလိုပြင်လို့ရတယ်။ တစ်ကယ်လို့ ကားတစ်စီးက chassic ကိုထိမိလို့ ပြင်ဆင်တာ လုပ်မယ်ဆိုရင်ကညန ကို အကြောင်းကြားပြီးမှ လုပ်သင့်တယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ယာဉ်စစ်ဆေးရေးတာဝန်ရှိသူ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန် ၌ မော်တော်ကား အရောင်းအဝယ် ပြုလုပ်ရာတွင် ဖောက်စွပ်ပြသာနာများ ရှိနေရာ ယာဉ်မှန်၊ မမှန် စစ်ဆေးမှု အရင် ပြုလုပ်ပြီးမှ ကားအရောင်းအဝယ်ပြုလုပ်လာလျက်ရှိကြောင်းသိရသည်။

အစိုးရက ဖောက်စွပ်လုပ်ထားသော ကားများကို လိုင်စင်မဲ့ကားများအဖြစ် သတ်မှတ်မှုကြောင့် ယာဉ်လက်ဝယ်ပိုင်ဆိုင် ထားသူများမှာ ဆုံးရှုံးနစ်နာမှုများရှိနေပြီး အခွန်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။

Update News
Regulation

Author