ယာဉ်ရပ်နား ကောက်ခံမှု လုပ်ငန်း အဆင်သင့်မဖြစ်သေး၍ ခေတ္တရပ်ဆိုင်း၊ အောက်တိုဘာ ၁ဝ ရက်မှသာစတင်ကောက်ခံမည်

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်ရပ်နားခကောက်ခံခြင်းကို အောက်တိုဘာလ ၁ ရက်မှစ၍ ယာဉ်ရပ်နားခ များစတင် ကောက်ခံရန် အသိပေးကြေငြာထားပြီဖြစ်သော်လည်း လုပ်ငန်း အဆင်သင့်မဖြစ်သေး၍ ခတ္တရပ်ဆိုင်းထားပြီး အောက်တိုဘာလ ၁ဝ ရက်မှသာ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကသိရသည်။ရန်ကုန်မြို့စည်ပင်နယ်နမိတ်ဧရိယာ downtown ၆မြို့နယ်အတွင်း ယာဉ်ရပ်နားခ များပြန်လည်ကောက်ခံရန်အတွက် ယာဉ်ရပ်နားကန့်သတ်ဇုန် ( Paking Pestricted Zone) ၈ ဇုန်ရှိရာ ဇုန်၅ ဇုန်သာ တင်ဒါအောင်မြင်လုပ်ကိုင်ခွင့်ရခဲ့ပြီး တင်ဒါအောင်ထားသူများ လုပ်ငန်းများအဆင်သင့်မဖြစ်သေး၍ ယာဉ်ရပ်နားခ ကောက်ခံတာကိုခတ္တရပ်ဆိုင်းထားရှိတယ်လို့ သိရပါသည်။

"ယာဉ်ရပ်နားခ ကောက်ခံဖို့ကို မကြာခင်လုပ်သွားမှာပါ။လွတ်တော်မှာလည်း မြို့တော်ဝန်က ပြောထားပြီးသားပါ။အောက်တိုဘာလ ၁ ရက်ကစပြီးကောက်ခံဖို့ သတ်မှတ်ထားတာ လုပ်ငန်းတွေအဆင့်သင့်မဖြစ်သေးလို့ ခတ္တရပ်ဆိုင်းထားတာ။အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ယာဉ်ရပ်နားခ စတင်ကောက်ခံသွားမှာပါ။"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်ရပ်နားခများကောက်ခံခြင်းကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ပြီး ယာဉ်ရပ်နားခများ ကောက်ခံရန် တင်ဒါအောင်သူများအား သတ်မှတ် ဇုန်များခွဲထားရာ အောက်တိုဘာလ ၁ဝ ရက်မှစတင်၍ ယာဉ်တစ်စီးလျှင် ၂ဝဝ ကျပ်နှုန်းသတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။

Transportation, News

Author