ယာဉ်ရပ်နားခများ ကောက်ခံမှု ခေတ္တရပ်ဆိုင်းထား၊ ယာဉ်ရပ်နားခကောက်ခံရန် အဌားချထားပေးမည့် ဇုန် ၅ ဇုန် တင်ဒါပြန်လည်ခေါ်ယူ

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်ရပ်နားခများကောက်ခံခြင်းကို အောက်တိုဘာလ ၁ ရက်မှစတင်ကောက်မည်ဆိုကာ လုပ်ငန်းအဆင့်သင့်မဖြစ်သေး၍ ယာဉ်ရပ်နားခကောက်မှုကို အစီအစဉ် ခတ္တဆိုင်းငံထားပြီး ကန့်သတ်ဇုန် ( Paking Pestricted Zone) ၅ ဇုန်အား ယာဉ်ရပ်နားခကောက်ခံရန် အဌားချထားခြင်းလုပ်ငန်းအတွက် စက်တင်ဘာလ ၂၉ ရက်တွင်တင်ဒါပြန်လည်ခေါ်ယူထားရာ အခြားယာဉ်ရပ်နားကန့်သတ်ဇုန် ၂ ဇုန်အား တင်ဒါပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေငြာထားရှိသည်။

"မြို့တွင်း ၆ မြို့နယ်မှာ ယာဉ်ရပ်နားကောက်ဖို့ တင်ဒါပြန်လည်ခေါ်ထားတာလုပ်နေတယ်။ဒါကြောင့် ယာဉ်ရပ်နားခကောက်တာကို စနစ်တကျလုပ်ဖို့ လုပ်ဆောင်နေတယ်။ အခုလက်ရှိတော့ ယာဉ်ရပ်နားခကောက်ခံတာမလုပ်သေးပါဘူး။"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယာဉ်ရပ်နားခများကောက်ခံရန်အတွက် ဈေးပြိုင်တင်ဒါစည်းကမ်းချက်နှင့် လျှောက်လွှာပုံစံများကို ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ဒုတိယထပ် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရုံးချိန်အတွင်းအောက်တိုဘာလ ၅ ရက်ကစ၍ တင်ဒါပုံစံရောင်းချပေးနေရာ တင်ဒါဖောင်ပိတ်မည့်ရက်မှာ အောက်တိုဘာလ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် တင်ဒါဖောင်ပိတ်၍ လျှောက်ထားသော တင်ဒါများကို အောက်တိုဘာလ ၁၇ ရက်တွင် တင်ဒါစိစစ်ရွှေးချယ်ရေးကော်မတီ မှ ရွေးချယ်လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ အသိပေးကြေငြာ ထားရှိသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်ရပ်နား ကန့်သတ်ဇုန် ( Paking Pestricted Zone) ၈ ဇုန်ရှိရာ ဇုန် ၅ ဇုန်တင်ဒါအောင်မြင်ခဲ့ပြီး လမ်းမကြီးများနှင့် အမည်တပ်လမ်းများတွင် သတ်မှတ်ဇုန်များ အဌားချထားလုပ်ကိုင်ခွင့်ပေးမည်ဖြစ်ရာ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကားတစ်စီးလျှင် တစ်နာရီကားထားခ ၂ဝဝ ကျပ်နှုန်းဖြင့် ယာဉ်ရပ်နားခများစတင် ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

Tender

Author