ရွှေတိဂုံဘုရားလမ်းအား တစ်လမ်းမောင်းစနစ် ကျင့်သုံးသကဲ့သို့ ရန်ကုန်တိုင်း အစိုးရခွင့်ပြုချက် ရပါက အခြားလမ်းမများတွင် တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားမည်။

0

Full article

ရွှေတိဂုံဘုရားလမ်းမကြီးအား မေလ ၃ဝ ရက်နေ့မှစ၍ တစ်လမ်းမောင်းစနစ် အသုံးပြုမောင်းနှင်ရန် လုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြားလမ်းမကြီးများကို တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားရန်ရှိကြောင်းသိရသည်။ ရွှေတိဂုံဘုရားလမ်းအား တစ်လမ်းမောင်းစနစ် အသုံးပြု ခြင်းကိုယာဉ်မောင်းသူများသိရှိရန် တစ်လကျော်ကြာ ပညာပေး စနစ်ပြုလုပ်သွားမည်ဖြစ်ရာ နောက်ပိုင်းတွင် တစ်လမ်းမောင်းစနစ် ထဲသို့ ဝင်ရောက်မောင်းနှင်လာသည့်ကားများကို ယာဉ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ရွှေတိဂုံဘုရားလမ်းလိုမျိူး တစ်ခြားလမ်းမကြီးတွေကိုလည်း တစ်လမ်းမောင်းစနစ် လုပ်ဆောင်သွားဖို့ရှိပါတယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်ရတာနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်ဟုရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

အနော်ရထာလမ်းနှင့် ဗန္ဒုလလမ်းကြား ရွှေတိဂုံဘုရားလမ်းတစ်လျောက် တစ်လမ်းမောင်းစနစ် အသုံးပြုရာ၌ ယာဉ်မောင်းသူများမသိရှိသေးသဖြင့် ဝင်ရောက်မောင်းနှင်လျက်ရှိပြီး မီးပွိုင့်တာဝန်ကျ တပ်ဖွဲ့ဝင်မှ ပညာပေးလုပ်ဆောင်နေလျက်ရှိပြီး အမှတ်အသားများကိုလည်း ပြောင်းလဲ ရေးဆွဲရာတွင် ယာဉ်မောင်းသူအချို့မှာ သိရှိသူနည်းပါးနေသေး၍ နှိုးဆော်ချက်များထုတ်ပြန်ပေးနေလျက်ရှိသည်။

ခေတ်သစ်

Author