တစ်လမ်းမောင်း ၈ လမ်း လုပ်ဆောင်မှုကို လေ့လာဆန်းစစ်မှုပြုလုပ်ပြီးမှ လုပ်ဆောင်သွားမည်

0

Full article

ရန်ကုန်မြို့တွင်း တစ်လမ်းမောင်းနေရာများ သတ်မှတ်မှုကို လေ့လာဆန်းစစ်မှု ပြုလုပ်ပြီးမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှသိရသည်။

ရန်ကုန်မြို့အတွင်းတွင် တစ်လမ်းမောင်းနေရာများအဖြစ်သတ်မှတ်ရန် ရန်ကုန်မြို့လည်ရှိလမ်းသစ်လမ်း ၊ လသာလမ်း ၊ ရွှေဘုံသာလမ်း ၊ ဗိုလ်အောင်ကျော်လမ်း ၊ ဗိုလ်မြတ်ထွန်းလမ်း ၊ ဗိုလ်တထောင်ဘုရားလမ်း ၊ ရွှေဘုံသာလမ်း၊ စန္ဒကူးလမ်း ၊ ရေကျော်လမ်း တို့ကို လုပ်ဆောင်သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရှိကြောင်းသိရသည်။မြို့တွင်းမှာ တစ်လမ်းမောင်းပြုလုပ်မယ့်နေရာတွေကို သေချာလေ့လာဆန်းစစ်မှုပြုလုပ်ပြီးမှ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခုကလေ့လာနေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဟု သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ခေတ်သစ်

Author