လာမည့်နှစ် စလစ်ကပ်ကား ၂ဝ၁၁ မော်ဒယ်၊ ဖရီးပါမစ် ၂ဝ၁၅ မော်ဒယ်မှ စ၍တင်သွင်းရမည်ဆိုလျှင် ကားဈေးကွက်တစ်ခုလုံး ပြောင်းလဲနိုင်

0

Full article

လာမည့်နှစ် လာမယ့် ၂ဝ၁၇ ခုနှစ်အတွက် စလစ်ကပ်ကား ၂ဝ၁၁ မော်ဒယ် ၊ ဖရီးပါမစ်ကား ၂ဝ၁၅ တင်သွင်းရမည်ဆိုလျှင် ကားဈေးကွက်တစ်ခုလုံးပြောင်းလဲလာနိုင်မည်ဖြစ်ကြောင်း ကားတင်သွင်းရောင်းချနေသည့် ကားလုပ်ငန်းရှင်များကဆိုကြသည်။

ထိုသို့သော သတင်းများသည် သြဂုတ်လက ကျင်းပပြုလုပ်ခဲ့သည့် ကြီးကော် အစည်းအဝေးအပြီးထွက်ပေါ်လာခဲ့ပြီး မော်ဒယ်ကွဲလွဲစွာတင်သွင်းနေမှူများကိုလည်း ထိရောက်သည့်ပစ်ဒဏ်ဖြင့်အရေးယူတော့မည်ဟုသိရသည်။ စလစ်ကပ်ကားများနှင့်ဖရီးပါမစ်ကားများ မိုဒယ်အမြင့်တင်သွင်းရမည်ဆိုလျှင် သိန်း ၁ဝဝ ဝန်းကျင်ကားဈေးကွက်မှာ ရှိတော့မည်မဟုတ်ကြောင်းသိရသည်။

အခုကြားနေရတာက စလစ်ကပ်ကို ၂ဝ၁၁ နဲ့ ဖရီးပါမစ်ကို ၂ဝ၁၅ ကစပြီးတင်သွင်းရမယ့်လို့ကြားနေရတယ်။ဒီသတင်းသာအမှန်ဆိုရင် ကားဈေးကွက်တစ်ခုလုံးပြောင်းလဲသွားမှာသေချာတယ်။သိန်း ၁ဝဝ ဝန်းကျင်နဲ့ရောင်းနေရတဲ့ ကားလေးတွေလည်းရှိမှာ မဟုတ်တော့ဘူး။ကားဈေးကလည်း လိုက်လို့မမှီနိုင်တဲ့ကားဈေးတွေဖြစ်သွားလိမ့်မယ်ဟု ကားတင်သွင်းရောင်းချနေသူများကသုံးသပ်ကြသည်။

မော်တော်ယာဉ်တင်သွင်းမှူများကို အစိုးရအဖွဲ့အနေဖြင့် ကားတင်သွင်းမှူကို တစ်နည်းနည်းဖြင့် အဖက်ဖက်မှပိတ်ဆို့လာလျှက်ရှိနေကြောင်းသိရသည်။

Author