Full article

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲ လျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ယာဉ် လိုင်း ၃၅ လိုင်းတွင် မီနီဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲမှု ဆောင်ရွက်ပြီး ဖြစ်ကြောင်း 'ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ(ဗပာို)'မှ သိရသည်။

bagan_transport_pickup

အဆိုပါ ယာဉ်လိုင်း ၄၆ လိုင်းအနက် ကျန်ရှိနေသည့်ယာဉ်လိုင်း ၁၁ လိုင်းတွင်မူ အခြားယာဉ်လိုင်းမှ ကားများဖြင့် ဖြည့်စွက်ပြေးဆွဲသွားမည် ဖြစ်ပြီးမည်သည့် ယာဉ်လိုင်း များဖြင့် ပြေးဆွဲမည်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရှိရသည်။ "မြို့တွင်း ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းစလုံးကို တခြားကားတွေနဲ့ အစားထိုးပြေးဆွဲမှာပါ၊ အခုထိ တော့ ၃၅ လိုင်းအထိ အစားထိုးပြေးဆွဲနေပြီး ကျန်တဲ့လိုင်းတွေမှာလည်း မကြာခင်ပဲ အစားထိုး ပြေးဆွဲသွားမှာပါ၊ မီနီဘတ်စ်၊ ဒါမှမဟုတ် တခြား ကားတွေနဲ့ အစားထိုးဖို့ စီစဉ်နေပါ တယ်၊ သေချာမသတ်မှတ် ရသေးပါဘူး"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ ပြောင်းလဲပြေးဆွဲမည့် ယာဉ်လိုင်းများ၌ ယခင်ကပြေးဆွဲခဲ့ သော ပာိုင်းလပ်ယာဉ်များ၏ ယာဉ်စီးခနှုန်းထား အတိုင်းသာ သတ်မှတ်ကောက်ခံရမည် ဖြစ်ပြီး လက်ရှိတွင်မူ အစားထိုးပြေးဆွဲလျက်ရှိသော မီနီဘတ်စ်ယာဉ်လိုင်းအချို့၌ ဒီဇယ်ဆီဖြင့် ပြေးဆွဲရမှုကြောင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းများရှိနေသဖြင့် ယင်းယာဉ်များအား ပြေးဆွဲမှု ယာယီရပ်နားခိုင်းထားကာ CNG ရရှိမှသာ ပြန်လည်ပြေးဆွဲခွင့် ပြုမည် ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

Author