ဦးချစ်မောင်လမ်းမှ အနောက်မြင်းပြိင်ကွင်းလမ်းအားတစ်လမ်းမောင်းပြုလုပ်သွားရန်ရှိ

0

Full article

တာမွေမြို့နယ်ရှိ ဦးချစ်မောင်လမ်းမှ အနောက်မြင်းပြိင်ကွင်းလမ်းအားတစ်လမ်းမောင်းပြုလုပ်သွားရန်တင်ပြထားရှိကြောင်းရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။အဆိုပါ ဦးချစ်မောင်လမ်း အနောက်မြင်ပြိုင်ကွင်းလမ်းအား ကွင်းဆင်းစစ်ဆေး၍ ယာဉ်သွားလာမှူများကိုတွက်ချက်ကာ တစ်လမ်းမောင်းစနစ် ဆောင်ရွက်မှူကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြသွားမည်ဖြစ်သည်။ရန်ကုန်မြို့တွင်း၌အခြားလမ်းများကိုလည်း တစ်လမ်းမောင်းစနစ် ဆောင်ရွက်ရန်က ွင်းဆင်းစစ်ဆေးနေလျှက်ရှိသည်။ တာမွေဂုံးကျေည်တံတားပေါ်ကဆင်းလာတဲ့ကားနဲ့ ဦးချစ်မောင်းလမ်းကိုဝင်တဲ့ကားတွေ ယာဉ်တိုက်မှု ဖြစ်လာနိုင်တဲ့အတွက် ဒီလမ်းကို တစ်လမ်းမောင်းစနစ် ပြုလုပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြထားပါတယ်။ရန်ကုန်မြို့ထဲ့က တစ်ချိူ့လမ်းတွေကိုလည်းတစ်လမ်းမောင်းစနစ် လုပ်ဖို့ စစ်ဆေးတာတွေလုပ်နေပါတယ်။ယာဉ်သွားလာမှူနဲ့ အခြေအနေတွေကိုတွက်ချက်ပီးမှ လုပ်ဆောင်လို့ရမှာပါဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ရွှေတိဂုံဘုရားလမ်းကိုတစ်လမ်းမောင်းစနစ်ပြုလုပ်ပီးနောက် ယာဉ်ပိတ်ဆို့မှူနည်းပါးသွားပီး တစ်လမ်းမောင်းစနစ် ကို ယာဉ်မောင်းသူများသိရှိနားလည်စေရန် ပညာပေးအစီအစ၍်များပြုလုပ်ဆောင်ရွက်နေလျှက်ရှိကြောင်းသိရသည်။

Author