မော်တော်ယာဉ်၏ ထုတ်လုပ်ခုနှစ် မိုဒယ်များ အလွယ်တကူသိနိုင်စေရန် ယာဉ်များအားလုံး၏ မိုဒယ်များ ဝှီးတက်တွင် ထည့်သွင်းဖော်ပြပြီး ထုတ်ပေးမည်

0

Full article

မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် မိုဒယ်များ အလွယ်တစ်ကူ သိရှိနိုင်စေရန် မော်တော်ယာဉ်များအားလုံး ယာဉ်အုံနာ ဘုတ် ဝှီးတက်များတွင် မော်တော်ယာဉ်၏ ထုတ်လုပ်ခုနှစ် မိုဒယ်အားထည့်သွင်းဖော်ပြပြီး ထုတ်ပေးရန် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ရုံးချူပ်က သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ထိုကဲသို့ မော်တော်ယာဉ် ဝှီးတက်များတွင် ယခင်က ယာဉ်၏ ထုတ်လုပ်ခုနှစ်မိုဒယ်များ ရေးသွင်းမထားတဲ့အတွက် ရှာဖွေရခက်ခဲနေခြင်းကြောင့် ဝှီးတက်များထုတ်ပေးရာတွင် ကားမိုဒယ်ကိုပါ တစ်ပါးတည်း ထည့်သွင်းဖော်ပြပေးခြင်းဖြစ် ကြောင်း သိရသည်။

" ယာဉ်ဝှီးတက်မှာ ကားရဲ့မိုဒယ်ကို အလွယ်တကူ သိစေနိုင်ဖို့ ကားအားလုံးရဲ့ ဝှီးတက်တွေမှာ ထုတ်လုပ်ထားတဲ့ မိုဒယ်တွေ ထည့်သွင်းဖို့ ရုံးချူပ်က ညွန်ကြားထားပါတယ်။ ဒါကလည်း ဝှီးတက်ကော အုံနာဘုတ်ကောမှာ မိုဒယ်ရေး ထားတော့ စစ်ဆေးရတာလည်းလွယ်ကူဖို့အတွက် လုပ်ပေးတာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်အတု မပြုလုပ်နိုင်ရန် ရေစာ စနစ်အသုံးပြုထားရာ ယာဉ်အမှတ် plate number နေရာတွင် မော်တော်ယာဉ်ထုတ်လုပ်ခုနှစ်ကို ရေးသားထားမည်ဖြစ်ကြောင်း သိရသည်။

Photo Credit Ko Nyein Chan

Regulation

Author