Ceramic Pro & V-Kool product မိတ်ဆက်ပွဲကျင်းပ

0

Full article

Grand Sirius Company Limited ၏ Ceramic Pro & V-Kool product  မိတ်ဆက်ပွဲကို ၂၀၁၉ သြဂုတ်လ ၁၁ နေ့တွင် Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် Nano-Ceramic Coating နှင့် V-Kool အမှတ်တံဆိပ် အမေရိကန်ကားမှန်စတေကာတို့ကို မိတ်ဆက်ပြသခဲ့သည်။ Nano-Ceramic Coating သည် ကားဆေးသားပေါ်တွင် ပိုမိုမာကြောသောအလွှာတစ်ခုကို ထပ်တင်ပေးခြင်းဖြစ်ပြီး ခြစ်ရာ၊ စင်းရာများထိခိုက်ခြင်းကို ထို Coating မှ ကာကွယ်ပေးခြင်းဖြစ်သည်။ V-Kool  အမှတ်တံဆိပ်ကားမှန်စတေကာသည် Gold နှင့် Silver ကို ထည့်သွင်းဖန်တီးထားသည့်အတွက် အင်အားပြင်းသော နေရောင်ခြည်နှင့် အပူဒဏ်မှ အပြည့်အဝကာကွယ်ပေးသည်ဟု ဆိုသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်သည်တော်များကို ရင်ခုန်စရာကောင်းသည့် ဂိမ်းအစီအစဉ်များ၊ promotion နှင့် Lucky Draw အစီအစဉ်များ ထည့်သွင်းပေးထားပြီး မော်ဒယ်သရုပ်ဆောင် အနုပညာရှင်များစွာလည်းတက်ရောက်ခဲ့သည်။

Reporter : Zing

Author

Comments