ရထားများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် ပြေးဆွဲလျက်ရှိ

0

Full article

ရန်ကုန်ဘူတာကြီးသို့ ဝင်ထွက်သွားလာနေသည့် ရထားများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် ပြေးဆွဲလျက်ရှိရာ ရထားများအချိန်မှန်လာမည်ဖြစ်သောကြောင့် ရထား လမ်းကြောင်းမှားယွင်းမှုကို လျော့ချသွားနိုင် မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မီးရထားပြေးဆွဲသွားလာမှုများကိုဗဟိုဌာနမှထိန်းချုပ်သည့်စနစ်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိ ယာများ(electronic interlocking system) တပ်ဆင်ထားရှိပြီး ယင်းအခြေခံအဆောက်အဦးများအတွက် ဂျပန်- မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့က သန်း ၄ဝ ကူညီပေးထားကြောင်း သိရသည်။

" မီးရထားတွေကိုဗဟိုထိန်းချုပ်မှုစနစ်လုပ်ဖို့ ၂ဝ၁၃ ခုနှစ်က စတင်ပြီးလေ့လာခဲ့ပါတယ်။ ဗဟိုထိန်းချုပ်တဲ့ စနစ်အတို်င်းပဲ ရထားတွေပြေးဆွဲတဲ့အခါမှာ သေချာထိန်းနို်င်မှ အားလုံး လုံခြုံမှုရမှာဖြစ်ပါတယ် ။ ဒါမှ စိတ်ချရမှာပါ ။ အရင်ကတော့ လူထိန်းချုပ်စနစ်နဲ့သွားတယ် ။ အခု ဒီလို ဗဟိုထိန်းချူပ်တာလုပ်တဲ့အတွက် ရထားတွေအချိန်မှန်လာမယ် ။ ဗဟိုထိန်းချုပ်မှုစနစ်နဲ့သွားတဲ့အတွက်ကြောင့် တစ်နေရာခြင်းက ထိန်းချုပ်နိုင်တဲ့အတွက် လမ်ကြောင်း မှားယွင်းမှုကို လျော့ချနိုင်ပါတယ်။ ပြည်သူတွေအတွက်လဲ လုံခြုံတဲ့ အတွက်အကောင်းဆုံးစနစ်ဖြစ်တယ်" ဟု မြန်မာ့မီးရထား အောက်မြန်မာပြည်မှ ဦးထွန်းအောင်သင်းက ဆိုသည်

ရန်ကုန်ဘူတာကြီးသို့ နေစဉ်ဝင်ထွက်နေသည့် ခရီးဝေးရထား ၂၈ ဆိုင်းနှင့် တစ်ရက်လျင်ပျှမ်း မျှခရီးသည်ဦးရေ ၄၅ဝဝ ရှိပြီး ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ရထားတွဲဆိုင်း ၂၅ ဆိုင်း ၊ ဘူတာပေါင်း ၅၅ ဘူတာ၊တနေ့ပြေးဆွဲမှုခေါက်ရေ ၂၂ဝ ခေါက်ရှိရာ မီးရထားစီးနင်းသည့်တစ်ရက်ပျှမ်းမျှခရီးသည် တစ်သိန်းနီးပါးခန့်ရှိ ကြောင်းသိရသည်။

Public Transportation

Author