ယာဉ်ပိုင်ရှင်များက CCTV မှတ်တမ်းကို တောင်းခံရာတွင် သက်ဆိုင်ရာအဖွဲ့မှ တောင်းခံနိုင်ဟု လမ်းပန်းဝန်ကြီးဆို

0

Full article

ယာဉ်ပိုင်ရှင်များက CCTV ကြည့်ရှုခွင့်ရှိသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တောင်းခံနိုင်ကြောင်း လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက် နေ့ (ဒီဇင်ဘာ ၈)တွင်ပြောကြားသွားခဲ့သည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က " မော်တော်ယာဉ် ပိုင်ရှင်များအနေနဲ့ အကြောင်းကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့အလုံလမ်းရှိ control center ရှိ CCTV မှတ်တမ်းအား သက်သေအဖြစ်တင်ပြရန် လိုအပ်လာသည့်အခါ ကူးယူသုံးစွဲခွင့် ရှိ/မရှိကို သိရှိလိုပါကြောင်း"မေးမြန်း မှုအပေါ် လမ်းပန်းဝန်ကြီးက ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးထိန်းသိမ်းမှုဆိုင်ရာ အထောက်အကူပြုနိုင်ရေး စသည်တို့ အတွက် CCTV ကင်မရာများမှ စောင့်ကြည့် မှတ်တမ်း များကို ကာလသတ်မှတ်ချက်ဖြင့် ထိန်းသိမ်းထား ရှိရပါ ကြောင်း၊ ယခုအခါတွင် CCTV ကင်မရာများ တပ်ဆင်မှု၊ မှတ်တမ်းတင်မှုစနစ်၊ စစ်ဆေးခြင်းစနစ်များကို ပိုမိုစနစ် တကျရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စနစ်တစ်ရပ်အား ပြီးပြည့်စုံစွာ အကောင်အထည် ဖော်ဆောင်ရွက်ပြီးမှသာ ကူးယူသုံးစွဲခွင့်နှင့်ပတ်သက်၍ တည်ဆဲဥပဒေများ၊ လုပ်ငန်းလိုအပ်ချက်နှင့် CCTV မှတ် တမ်းအား သက်သေအဖြစ် တင်ပြမည့်အကြောင်းအရာသည် ညီညွတ်ခြင်း ရှိ/မရှိ စသည့် အချက်များအား ဆွေးနွေး ညှိနှိုင်းပြီးမှသာ CCTV မှတ်တမ်းကူးယူသုံးစွဲခွင့်အပေါ် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုယ်စား လှယ်ကြီး မေးခွန်းတွင်ပါသောဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ထိထိရောက်ရောက် ဆောင်ရွက်နေ ပါကြောင်း၊ နေပြည်တော်ဆက်သွယ်ရေးဦးစီးဌာနတွင် လိုင်စင်ရရှိထားသူများသည် လုပ်ထုံးလုပ်နည်း နှင့် အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တရားဝင်ခွင့်ပြုတောင်းခံထားသော်လည်း ဆက်သွယ်ရေးဦးစီးဌာန တစ်ခုကိုပဲ ယူပြီး ဆောင်ရွက်နေပါကြောင်း၊ ယာဉ်ပိုင်ရှင်တောင်းခံသည် CCTV သည် CCTV ကိုကြည့်ရှုနိုင်ခွင့်ရှိသည့် သက်ဆိုင်ရာ အဖွဲ့အစည်းမှ တောင်းခံသင့်ပါကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ဖြေကြားခဲ့ပါသည်။

R-01

Author