Full article

ယာဉ်မတော်တဆမှုများအတွက် လုံခြုံမှုရှိစေရန် ကားများတွင် CCTVကင်မရာ (Dash Camera) များတပ်ဆင်မှု များပြားလာကြောင်း သိရှိရသည်။ ဘန်ကောက်၊ တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဂျပန်နိုင်ငံများတွင် တပ်ဆင်မှုမှာ ကြာမြင့်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ယခုမှစတင်၍ ရေပန်းစားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

news_dash_cam

မော်တော်ယာဉ်တစ်စီးနှင့် တစ်စီး မတော်တဆထိခိုက်မှုကြုံကြိုက်ပါက ၎င်းကင်မရာများမှ အမှန်၊ အမှား ခွဲခြားသိစေရန် Recording ပြုလုပ်ပေးကြောင်း သိရှိရသည်။ SD Card ပါရှိပြီး (၆)နာရီစာ Recording ပြုလုပ်ပေးနိုင်ကြောင်း သိရှိရသည်။

ထိုင်ဝမ် နိုင်ငံထုတ်ပစ္စည်းများ သုံးလေ့ရှိကြပြီး မြန်မာကျပ်ငွေဖြင့်(၁)သိန်းခန့်ကျသင့်ကြောင်း၊ ကားအရှေ့ဘက်မြင်ကွင်းအား ထင်ရှားပြတ်သားစွာမြင်နိုင်ပြီး တပ်ဆင်ရလွယ်ကူကြောင်းနှင့် ပြိုင်ကားများတွင်လည်း တပ်ဆင်ကြပြီး အတိုင်းအတာမည်မျှအထိ မောင်းနိုင်ခြင်းအား Recording ပြုလုပ်ပေးနိုင်ကြောင်း သိရှိရသည်။

CCTV မှ(၆)နာရီ Recording ပြုလုပ်ပေးပြီးပါက အထိအခိုက်မရှိခဲ့လျှင် အော်တိုပျက်ပြယ်သွားပြီး အသစ်ထပ်မံပြုလုပ်ပေးကြောင်း သိရှိရသည်။

Auto World journal မှ ကူးယူဖော်ပြသည်။

Author

Comments