၂၀၂၀ ပြည့်နှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲအတွင်း CB Bank မှ မော်တော်ယာဉ်အထူးချေးငွေဝန်ဆောင်မှုများဖြင့်ပူးပေါင်းပံ့ပိုး

0

Full article

၂၁ ၊ ဖေဖော်ဝါရီလ၊ ၂၀၂၀ – CB Bank မှ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ (YCC) တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲအတွင်း မော်တော်ယာဉ်အထူးချေးငွေများကို ပေးအပ်သွားမည််ဟုသိရသည်။ ၂၀၂၀ ပြည့်နှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာကားပြပွဲတွင် CB Bank သည် Official Banking Partner အဖြစ်ပူးပေါင်းပံ့ပိုးလျက်ရှိသည်။

“အခုဆိုရင် မော်တော်ယာဉ်ချေးငွေရဖို့လိုအပ်ချက်က တဖြည်းဖြည်းတိုးတက်လာတယ်လို့ ကျွန်မတို့ CB Bank ကမြင်တယ်။ မြန်မာမိသားစုတွေရဲ့ ကားပိုင်ဆိုင်ခွင့်ရမယ့် အိမ်မက်တွေကို ကူညီဖြည့်ဆည်း ပေးခွင့်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကားပြခန်း ပေါင်း ၁၀၀ ကျော်လောက်နဲ့ ကျွန်မတို့ပူးပေါင်းထားတယ်။ ဒုတိယအကြိမ်မြောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကနေ  အသစ်စက်စက်ကားတွေ နောက်ဆုံးပေါ်မော်ဒယ်မြင့်ကားတွေဝယ်ဖို့ ရှာဖွေနေသူ တွေအတွက် လွယ်ကူမြန်ဆန်တဲ့ မော်တော်ယာဉ်ချေးငွေ လျှောက်ထားခြင်း လုပ်ငန်းစဉ်တွေကို CB Bank ရဲ့ ပြခန်းမှာ တစ်ခါတည်းလျှောက်ထားနိုင်ပါတယ်”ဟု CB Bank ၊ Deputy General Manager (Consumer Finance Department) ဖြစ်သူ ဒေါ်သိမ့်သိမ့်မှ ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် လူမှုစီးပွားရေးသည် လျှင်မြန်စွာ တိုးတက်လျက်ရှိပြီး မော်တော်ယာဉ်အသစ်များကို ဝယ်ယူ လိုသည့် လိုအပ်ချက်များမှာလည်း မကြာသေးမီနှစ်များအတွင်းက စတင်ကာ တဖြည်းဖြည်း တိုးတက် လျက်ရှိသည်။ မြန်မာပြည်မှသုံးစွဲသူအများစုသည် မော်တော်ယာဉ်ဝယ်ယူရန် ချေးငွေရယူလိုကြပြီး ၎င်းတို့ ချေးယူနိုင်သည့်ငွေပမာဏနှင့် ငွေပေးချေနိုင်သည့်ငွေပမာဏများပေါ်တွင် ဆုံးဖြတ်ကာ ဝယ်ယူကြခြင်း ဖြစ်သည်။ ထို့ကြောင့် CB Bank သည် ဝယ်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မော်တော်ကားအမှတ်တံဆိပ်ပေါင်းများစွာနှင့်  အရောင်းပြခန်းများကို ပူးပေါင်း ချိတ်ဆက်ထားပြီး ၎င်းတို့၏ မော်တော်ယာဉ်ဈေးနှုန်းများအလိုက် ကနဦးပေးသွင်းငွေအနည်းဆုံးဖြင့် ဝယ်ယူနိုင်သည့် ချေးငွေများပေးအပ်လျက်ရှိသည်။

Author