Full article

ရန်ကုန်မြို့၌ ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေလျော့ နိုင်ရန်အတွက်ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပွားလေ့ရှိသော အဓိက လမ်းမကြီး (၃၇) လမ်းကို ယာဉ်မရပ် နားရနယ်မြေအဖြစ် သတ်မှတ်ပြီး အချိန်ကြာမြင့်စွာရပ်နားသည့် ယာဉ်များကို ယာဉ်ဆွဲကားဖြင့်ဆွဲကာ အရေးယူမှုများ ဆောင်ရွက်ခဲ့သည်။

Ka-1

ယခုအခါတွင် ကရိန်းဖြင့်ဖမ်းဆီး အရေးယူခံရသည့် မော်တော်ယာဉ် အစီးရေ (၉ဝဝ) ကျော်တွင် (၂ဝဝ) ကျော်မှာ လိုင်စင်မဲ့များဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။ အဆိုပါစီမံကိန်းကို နိုဝင်ဘာ (၁၁) ရက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း နှင့် စီမံကိန်းစတင်ချိန်မှ တစ်လအ တွင်း ယာဉ်အစီးရေ (၉ဝဝ) ကျော် ဖမ်းဆီး အရေးယူခံရသည့်အနက် (၆ဝဝ) ကျော်ကိုသာ လာရောက်၍ ဒဏ်ကြေးပေးဆောင်၍ ရွေးထုတ်ပြီး ဖြစ်သော်လည်း ကျန်ယာဉ်အစီးရေ (၂ဝဝ) ကျော်မှာ လာရောက်ရွေးထုတ် ခြင်းမရှိသည့်အပြင် လိုင်စင်မဲ့ဖြစ်နေ ကြောင်းသိရှိရသည်။ ဖမ်းဆီးရမိထား သော လာရောက်မရွေးသည့်ယာဉ်များ ကို အချိန်တစ်ခု စောင့်ဆိုင်းပေးမှာ ဖြစ်ပြီး သတ်မှတ်ချိန်ကျော်လွန်သည် အထိ လာရောက်မရွေးသည့်ယာဉ်များ ကိုလေလံပုံစံဖြင့် ပြန်လည်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။ယာဉ်မရပ်နားရလမ်းမများတွင် တစ်နေ့လျှင်(၄)ဖွဲ့နှုန်းဖြင့် ဖမ်းဆီးလျက်ရှိကြောင်း ယာဉ်ထိန်းရဲတစ်ဦးမှ ပြောကြားခဲ့သည်။

Ref: Auto World

Author