ယာဉ်စီးခ ထည့်သွင်းမှုမရှိ၍ ယာဉ်စီးခပေးချေမှု ဖြတ်ပိုင်းထုတ်ပေးသည့်ပြေစာ စနစ်ပြောင်းလဲလုပ်ဆောင်သွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲပေးနေလျှက်ရှိသော Power Eleven ကုမ္ပဏီမှ ခရီးသည်တင် YBS အမှတ် ၂၁ ယာဉ်လိုင်းတွင် ခရီးသည်များအား ဖြတ်ပိုင်းထုတ်ပေးသည့်ပြေစာ စနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းပြေးဆွဲနေသည့် POWER ELEVEN ကုမ္ပဏီက သိရသည်။

ခရီးသည်များမှ ယာဉ်စီးခပေးချေရာတွင် လူအများစုသာ မှန်မှန်ကန်ကန် ပေးချေကြရာ အချိူ့ခရီးသည်များက သတ်မှတ်ယာဉ်စီးခထက် လျှော့နည်း၍ ထည့်သွင်းမှုများ၊ ယာဉ်စီးခ များမထည့်သွင်းဘဲ စီးနင်းမှုများရှိလာရာ POWER ELEVEN ယာဉ်လိုင်းကုမ္ပဏီမှ ခရီးသည်များအား စက်မှ ယာဉ်စီးခပေးချေပြီးကြောင်း ပြေစာထုတ်ပေးသည့်စနစ်ကို ပြောင်းလဲရန် အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

" YBS ၂၁ ယာဉ်လိုင်းမှာ ယာဉ်စီးခပေးချေတာကို ပြေစာထုတ်ပေးတဲ့စနစ် ပြောင်းလဲသွားဖို့ရှိပါတယ်။ ကားပေါ်တက်ပြီး ယာဉ်စီးခပေးလိုက်တာနဲ့ ယာဉ်မောင်းက စက်ရဲ့ screen ကို နှိပ်ပြီး ပြေစာထုတ်ပေးသွားမယ်။ ပြေစာ (သို့မဟုတ်) ယာဉ်စီးခပေးပြီးကြောင်းလက်မှတ် တစ်ခုခုနဲ့ ပြောင်းလဲဖို့ YRTA ကို တင်ပြပြီး မကြာခင်လုပ်ဆောင်သွားမှာပါ။"ဟု Power Eleven ယာဉ်လိုင်းကုမ္ပဏီ က အုပ်ချူပ်မှုဒါရိုက်တာ ကိုတရုတ်လေးကပြောကြားသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ခရီးသည်ပို့ဆောင်ရေး YBS ဘတ်စ်ကားစနစ်တွင် ယာဉ်စီးခပေးချေသည့် ကဒ်စနစ်ကို လုပ်ဆောင်လျက်ရှိနေရာ YPS ကတ်စနစ်အတွင် Excel KC ကုမ္ပဏီကို ရွေးချယ်ထားသော်လည်း စာချုပ်ချုပ်ဆိုရန် အဆင်မပြေမှု များကြောင့် ကျန်ရှိသည့် Asia Star Mar Transport Intelligent ကုမ္ပဏီနှင့် Anypay Payment Services ကုမ္ပဏီ နှစ်ခုထဲမှ Asia Star Mar Transport Intelligent ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း သိရပါသည်။

Author