ယာဉ်စီးခ ငွေအကြွေလဲလှယ်ခြင်းကို လူစည်ကားရာ မှတ်တိုင်များတွင် လုပ်ဆောင်ပေးမည်

0

Full article

ခရီးသည်တင် YBS ကားစီးနင်းသူများ ကြုံတွေ့နေရသည့် ယာဉ်စီးခ ငွေအကြွေ လဲလှယ်ခြင်းကို လူစည်ကားရာမှတ်တိုင်များတွင် လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှူအာဏာပိုင်အဖွဲ့က သိရပါသည်။ "ယာဉ်စီးခ အကြွလဲတာကို လူစည်ကားတဲ့ နေရာတွေမှာ လဲလှယ်ပေးသွားမယ်။ လောလောဆယ် ကုမ္ပဏီ ၂ ခုကတော့ လုပ်နေပါပြီ။ ဥပမာ ရှစ်မိုင်၊ လှည်းတန်းနေရာတွေမှာ မှတ်တိုင်တွေမှာ ငွေလဲဖို့ ထားထားပေးမယ်။ "ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအားလုံး စည်းကမ်းတကျ မောင်းနှင်ရန် အထူးအဖွဲ့များနှင့်စောင့်ကြည်နေရာ ယာဉ်များတွင် Cash box တပ်ဆင်မှူရှိမရှိကိုလည်း စစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းများတွင် Cash box စနစ်တပ်ဆင်အသုံးပြုနေသော်လည်း ခရီးသည်များမှာ ငွေအကြွေခက်ခဲသည့် ပြသာနာ များရှိနေရာ ယာဉ်စီးခကို ကဒ်စနစ်အသုံးပြုပေးရန် လိုအပ်နေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author