CarsDB က ရန်ကုန်မြို့တွင် ဒုတိယအကြိမ်မြောက် ကြီးမှူးကျင်းပမည့် မော်တော်ယာဉ် အရောင်းပြပွဲကြီး သတင်းစာရှင်းလင်းပွဲ

0

Full article

ကားချစ်သူမိဘပြည်သူများ၊ ကားရောင်းသူများနှင့် ကားနှင့်ဆက်စပ်သော လုပ်ငန်းများလုပ်ကိုင် နေ သူများအတွက် CarsDB က ဒုတိယအကြိမ်မြောက် ကြီးမှူးကျင်းပသည့် မော်တော်ယာဉ်အ ရောင်း ပြပွဲကြီး ပြန်လာပါပြီ။ ပြပွဲကို သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘူမိ Event Park တွင် နိုဝင်ဘာ ၁၇၊ ၁၈၊ ၁၉ နံနက် ၁ဝ မှ ည ၉ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားပါမည်။

မော်တော်ယာဉ်အရောင်းပြပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကားထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ ၊ ကားနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ မော်တော်ယာဉ် အရစ်ကျဝယ်ယူနိုင်သော ဘဏ်နှင့် အာမခံလုပ်ငန်းများမှတဆင့် ဈေးကွက်အတွင်းရှိ မိမိလိုအပ်သော ကားသစ်၊ တပတ်ရစ် ကားနှင့် မော်တော်ယာဉ်နှင့်သက်ဆိုင်သော ဝန်ဆောင်မှုအမျိုးမျိုးကို ပြည်သူများ တနေရာတည်းတွင် စိတ်ကြိုက်ဝယ်ယူ နိုင်ရန်အတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ မော်တော်ယာဉ် လုပ်ငန်းစုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်သည်။

Brand New ကားအသစ်များအဖြစ် Ford၊ BMW၊ ISUZU၊ Jaguar၊ Land Rover၊ Mitsubishi၊ Yutong၊ Volvo၊ GAC၊ Toyota၊ Borgward၊ Hyundai၊ Suzuki၊ Peugeot၊ Mazda၊ Foton၊ KIA၊ Chevrolet၊ Mercedes-Benz နှင့် Nissan တို့မှ ကားသစ်စုစုပေါင်း ၇၃ စီးကို ပြသသွားမည့်အပြင် ယင်းတို့အနက် ကားအမှတ်တံဆိပ် ၁၇ ခုမှ ယင်းတို့၏ ကားသစ်စုစုပေါင်း ၄ဝကို ပြပွဲလာရောက်သူများအား စမ်းသပ်မောင်းနှင်ခွင့်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် တပတ်ရစ်ကားများ၊ မော်တော်ယာဉ်အပိုပစ္စည်း ရောင်းချသော ဆိုင်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သော ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသော လုပ်ငန်းများလည်း ပါဝင်ပြသသွားမည်ဖြစ်သည်။

ပြပွဲသို့ လာရောက်ကြည့်ရှုကြသော မိဘပြည်သူများအတွက် ပျော်ရွင်လန်းဆန်းစေသော အစီအစဉ်များ အဖြစ် fun game များ၊ ကံစမ်းမဲဖောက်ပေးခြင်းနှင့် အခြား ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းပေး ထားပါသည်။

CarsDB Autoshow Yangon 2018 မော်တော်ယာဉ်အရောင်းပြပွဲကို The Official Banking Partner အဖြစ် AYA Bank မှ လည်းကောင်း၊ The Official Insurance Partner အဖြစ် AMI Insurance မှလည်းကောင်း၊ Diamond Sponsor အဖြစ် Ford နှင့် Toyota Aye and Sons တို့မှ လည်းကောင်း၊ Prizes Sponsor အဖြစ် Pacific Digital Photo Service and Money Changer၊ Gold Tripper Travel and Tour မှလည်းကောင်း၊ Media Partner အဖြစ် Automobile Journal၊ Padamyar FM၊ Skynet နှင့် The Voice Weekly Journal တို့မှ ပူးပေါင်းပါဝင် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

CarsDB ဆိုသည်မှာ ၂ဝ၁၂ ဇန်နဝါရီ ၄ တွင် မော်တော်ယာဉ်ရောင်းသူနှင့် ဝယ်သူများကို online မှ တဆင့် တိုက်ရိုက်ချိတ်ဆက်ပေးသည့် မြန်မာနိုင်ငံ၏ ပထမဆုံး Portal ကြီးတစ်ခုအဖြစ် စတင်ခဲ့ပါသည်။ ယခုဆို လျှင် အမျိုးအစားစုံလင်လှသော မော်တော်ယာဉ်ပေါင်း နှစ်သောင်းဝန်းကျင်နီးပါးကို CarsDB တွင် လစဉ် လတိုင်း ရောင်းရန်ရှိနေပါသည်။ ထို့အပြင် CarsDB ၏ website နှင့် ဖုန်း application တို့ကို လစဉ် အသုံးပြု သူ သုံးသိန်းမှ အကြိမ်ရေပေါင်း ၁ဝ သန်းကျော် စိတ်ဝင်တစား ဝင်ရောက်ကြည့်ရှုလျက်ရှိတာကြောင့် မြန်မာ ပြည်သား ကားချစ်သူများ ထိပ်ဆုံးဦးစားပေး လာရောက် လည်ပတ်ရာ နံပါတ် ၁ နေရာ တစ်ခုဖြစ်လာပါပြီ။ ကားရောင်းဝယ်ရာ နေရာတစ်ခုတင်မဟုတ်ဘဲ ကားနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ၊ ပြည်တွင်း လမ်းပန်ဆက်သွယ်ရေးနှင့် မော်တော်ယာဉ် သတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ အသိပေးမှုများ၊ ကားလမ်းညွှန်နှင့် အခွန်နှင့် သက်ဆိုင်သော သတင်းများကိုလည်း ပုံမှန်တင်ဆက်ပေးမှုများ ပြုလုပ်ပေးလျက် ရှိနေပါသည်။

Author