CarsDB မှကြီးမှူးကျင်းပသော Auto Show Mandalay 2019 အတွက် သတင်းစာရှင်းလင်းပွဲကို Hilton Mandalay Hotel ၌ကျင်းပပြုလုပ်

0

Full article

ကားချစ်သူများ၊ ကားရောင်းသူများ၊ ကားနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကားနှင့် ပတ်သက်သူများ အားလုံး(အားလုံး) အတွက် CarsDB မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံ မော်တော်ယာဉ်အရောင်းပြပွဲကြီး ပြန်လည်စတင်တော့မည်ဖြစ်သည်။ ပြပွဲကို Mandalay Convention Centre ၌ မတ်လ ၃ဝ/၃၁ နှင့်ဧပြီလ ၁ ရက်နေ့များတွင် နံနက် ၁ဝ:ဝဝ မှ ည ၈:ဝဝ နာရီအထိသုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၏။

မော်တော်ယာဉ်အရောင်းပြပွဲကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာကားထုတ်လုပ်သူများ၊ ဖြန့်ဖြူး ရောင်းချသူများ၊ ကားနှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ မော်တော်ယာဉ် အရစ်ကျဝယ်ယူနိုင်သော ဘဏ်နှင့် အာမခံလုပ်ငန်းများမှတဆင့် ဈေးကွက်အတွင်းရှိ မိမိလိုအပ်သော ကားသစ်၊ တပတ်ရစ်ကားနှင့် မော်တော်ယာဉ်နှင့်သက်ဆိုင်သော ဝန်ဆောင်မှုအမျိုးမျိုးကို ပြည်သူများ တစ်နေရာတည်း၌ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မော် တော်ယာဉ်လုပ်ငန်းစုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်သည်။

ပြပွဲတွင် Brand New ကားအသစ်များအဖြစ် Ford ၊ Jaguar ၊ Land Rover ၊ Mercedes-Benz ၊ Volvo ၊ Mitsubishi ၊ KIA ၊ Nissan ၊ GAC ၊Hyundai ၊ Suzuki ၊ Mazda တို့မှ ကားအသစ်များကို ပြသသွားမည့်အပြင် စမ်းသပ်မောင်းနှင်ခွင့်များကိုလည်း ပေးသွားမည်ဖြစ်သည်။ တစ်ပတ်ရစ်ကားများကိုမူ Century Mandalay ၊ Cherry Yoma နှင့် Euro Nippon တို့မှ ပြသရောင်းချသွားမည်ဖြစ်သည်။ထို့အပြင် မော်တော်ယာဉ်အပိုပစ္စည်းရောင်းချသောဆိုင်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သော ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသော လုပ်ငန်းများလည်း ပါဝင်ပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် ကားဝယ်ယူသူများအတွက် ကံစမ်းမဲအစီအစဉ်များကိုလည်းထည့်သွင်းပေးထားသေးသည်။

CarsDB Auto Show Mandalay 2019 မော်တော်ယာဉ်အရောင်းပြပွဲကို AYA Financial Group နှင့် CB Bank တို့မှ Sponsor အဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးပေးသွားမည်ဖြစ်သည်။ CarsDB Auto Show Mandalay 2019 တွင် The Official Contractor အဖြစ်CMC Advertising and Installation Company Limited မှ ပါဝင်ပေးထားသည်။

Author

Comments