Carsdb မှ ကားအရောင်းဝယ်ပြုလုပ်သူများအတွက် Carsdb Wallet ဝန်ဆောင်မှုအသစ်ကိုမိတ်ဆက်

0

Full article

Online ကားအရောင်းဝယ်ပြုလုပ်သူများ အတွက် အဆင်ပြေစေရန် ဝန်ဆောင်မှုအသစ် တစ်ခုဖြစ်သည့် Carsdb Wallet feature အသစ်ကို Carsdb မှ သောကြာနေ့ ညနေ (၆) နာရီမှ (၉)နာရီ အထိ ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းရှိ Bar Bondi တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။![](/redline/content/images/2017/08/IMG_3024-1024x683.jpg)

ယင်းပွဲသို့ ရန်ကုန်မြို့ရှိ ကားလောကသားများ၊ ကား showroom များမှ အရောင်းကိုယ်စားလှယ်များနှင့် မီဒီယာ လောကမှ တာဝန်ရှိသူများ ကတက်ရောက်ခဲ့ကြပါသည်။ ထို့နောက် Carsdb အမှုဆောင်အရာရှိ ဖြစ်သူ ကိုဝေယံလင်း မှ မိတ်ဆက် အမှာစကားပြောကြားခဲ့ပြီး carsdb မှ အသစ်ထွက်ရှိထားသည့် Carsdb Wallet feature ကိုမိတ်ဆက်ရှင်းပြခဲ့ပါသည်။

ထို့နောက် Credit အများဆုံး ဝယ်ယူသူ (၃) ဦးအား မေတ္တာလက်ဆောင် ပေးအပ်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ရာ ပထမဆုအဖြစ် Win Mobile မှချီးမြှင့်သော Galaxy J7 Pro ကို ကိုရန်အောင်မှ လည်းကောင်း၊ ဒုတိယဆုအဖြစ် 3 View မှ ချီးမြှင့်သော Car Black Box အတွက် ကိုမျိုးဆက်မှ လည်းကောင်း၊ တတိယဆုအဖြစ် Apex Auto Body Shop မှချီးမြင့်သည့် car polish package နှင့် suspension check service ကို ဦးမင်းမင်းမောင်မှ (MMM Car Sale Center) လည်းကောင်း အသီးသီး ရရှိသွားခဲ့သည်။

ထို့အပြင် ပထမဆုရရှိသည့် ကိုရန်အောင်မှ " အခုလို ပွဲကျင်းပခဲ့ တဲ့ အတွက်ပျော်ပါတယ်။ အကုန်လုံးလည်း ရင်းနှီးမှုရှိ သွားတာပေါ့။ အားလုံးလည်း စိတ်ဝင်စားမှုရှိကြပါတယ်။ ပထမဆုအတွက် တော့ ပျော်ရွှင်မိပါတယ်" ဟုပြောကြားခဲ့ပါသည်။

CarsDB သည် ၂ဝ၁၂ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် မော်တော်ယာဉ် ရောင်းသူ နဲ့ဝယ်သူအကြား ပထမဆုံး online မှ တိုက်ရိုက်ချိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးမားဆုံး online ကားအရောင်းအဝယ် Portal တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

Author