Premium Assist ဝန်ဆောင်မှု၊ ကားအဌားဝန်ဆောင်မှုနှင့် ကားအရစ်ကျဝယ်ယူခြင်း ဝန်ဆောင်မှုအသစ်များကို CarsDB က မိတ်ဆက်

0

Full article

CarsDB မှ ယင်း၏ ဝန်ဆောင်မှုအသစ်များ မိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင်လ ၂ဝ ရက်နေ့တွင် ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် CarsDB ၏ ဝန်ဆောင်မှုအသစ်များဖြစ်သည့် Premium Assist၊ ကားအဌားဝန်ဆောင် မှုနှင့် ကားအရစ်ကျဝယ်ယူခြင်းဝန်ဆောင်မှုအသစ်များကို မိတ်ဆက်ပေးခဲ့ပြီး ကားလုပ်ငန်းစုမှ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ကားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် CarsDB ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် BMF မှ မန်နေဂျာ ဦးဝင်းကိုကိုနှင့် Bapco မှ Marketing Manager ကိုဘိုဘိုသန်းကြွယ်တို့ကလည်း သူတို့၏ လုပ်ငန်းများအကြောင်းနှင့် ဝန်ဆောင်မှု များအကြောင်းကို ရှင်းလင်းပြောကြားသွားခဲ့သည်။

Premium Assist ဝန်ဆောင်မှုမှာ CarsDB Inspection Team က ကားဝယ်ယူလိုသူများ အဆင်ပြေ စေရန် ကားတစ်စီးလုံးကို စစ်ဆေးရမည့် အချက် ၈၅ ကျော်ဖြင့် စစ်ဆေးကာ အဆိုပါကား၏ ကြံ့ခိုင်ကောင်းမွန်မှုနှင့် အပြစ်အနာအဆာများကို CarsDB website ပေါ်တွင် ဖော်ပြပေးသော ဝန်ဆောင်မှုဖြစ်ပြီး ကားအဌားဝန်ဆောင်မှုမှာတော့ ကားဌားလိုသူများ ကားကို အချိန်တိုအတွင်း ရှာတွေ့နိုင်ရန် ဆောင်ရွက်ပေးသော ဝန်ဆောင်မှုဖြစ်ကြောင်း သိရသည်။

ထို့အပြင် CarsDB နှင့် BMF တို့ ပူးတွဲဆောင်ရွက်သည့် ကားအရစ်ကျဝယ်ယူခြင်းဝန်ဆောင်မှုမှာ ကားဝယ်ယူလိုသူက ကားအရစ်ကျဝယ်ယူမှု သက်တမ်းကာလ ၆ လ၊ ၁၂ လနှင့်၂၄ လ အနက် မှ တစ်ခုခုကို ရွေးချယ်ကာ အရစ်ကျဝယ်ယူလို့ရမည်ဖြစ်ပြီး ဝယ်သူလက်ထဲ ကားရောက်သည်အထိ ကားဝယ်ယူခြင်းဆိုင်ရာ ကိစ္စရပ်အဝဝကို CarsDBနှင့် BMF တို့က တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

Business

Author