CarsDB ၏ (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Free Car Wash Day အောင်မြင်စွာ ကျင်းပပြီးစီး

0

Full article

မြန်မာနိုင်ငံ၏ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် CarsDB ၏ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော Free Car Wash Day အစီအစဉ်ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်.။

Free Car Wash Day အစီအစဉ်ကို Auto Mandalar, Auto City နှင့် တောင်ငူကျော်နိုင် ကားရေဆေးဆိုင်များတွင် တစ်ပြိုက်နက်တည်းကျင်းပခဲ့ပြီး ကားအစီးရေ (၃၆၁) စီး လာရောက်ရေဆေးခဲ့ကြပါတယ်.။ လာရောက်ရေဆေးခဲ့ကြတဲ့ ကားတွေကိုလဲ CarsDB မှ အမှတ်တရလက်ဆောင်အဖြစ် (၂ဝ၁၆) ပြက္ခဒိန်များ အခမဲ့ လက်ဆောင်ပေးခဲ့ပါတယ်.။

ယခုအစီအစဉ်မှာ CarsDB နဲ့ အတူတကွ ပါဝင်ပူးပေါင်းကူညီပေးခဲ့ကြတဲ့ Auto Mandalar, Auto City နှင့် တောင်ငူကျော်နိုင် ကားရေဆေးဆိုင်များ၊ လာရောက်ရေဆေးခဲ့ကြတဲ့ ကားပိုင်ရှင်များနဲ့ Free Car Wash Day ကို အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးတင်ပါကြောင်း CarsDB မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ.။

www.carsdb.com

No. 1 Car Site in Myanmar

Author