မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် လူသုံးအများဆုံးဖြစ်သော CarsDB.com ၏ ဝန်ဆောင်မှုများအား ရှင်းလင်းတင်ဆက်ခြင်းနှင့် iOS Application အသစ် မိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ Central Hotel ၌ ယနေ့နေ့လည် (၁) နာရီမှ (၃) နာရီ အထိ ကျင်းပခဲ့သည်.။
အဆိုပါအခမ်းအနားတွင် ပထမဦးစွာ CarsDB.com ၏ CEO ကိုဝေယံလင်းမှ MyanmarCarsDB မှ CarsDB သို့ Branding ပြောင်းလဲခြင်း နှင့် CarsDB ၏ သမိုင်းကြောင်း၊ CarsDB ကို အသုံးပြုနေသော User များနှင့် မြန်မာနိုင်ငံ Online Car Market အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်.။
၎င်းနောက် COO ကိုဝေဖြိုးကျော်မှ CarsDB ၏ ဝန်ဆောင်မှုများဖြစ်သော Premium Dealer, Premium Cars နှင့် အခမဲ့ဝန်ဆောင်မှုများ၏ ကွာခြားချက်များကို ရှင်းလင်းပြောပြခဲ့ပြီး CTO ဖြစ်သူ ကိုမြတ်မင်းဟန် မှ အသစ်ထွက်ရှိလာပြီဖြစ်သော CarsDB ၏ iOS App ကို မိတ်ဆက်ပေးခဲ့သည်.။
မြန်မာနိုင်ငံ၏ နံပါတ်တစ် ကားအရောင်းအဝယ် ဝဘ်ဆိုက်ဖြစ်သော CarsDB.com ကို w ww.carsdb.com မှသာမက Android နှင့် iOS App များမှလဲ အသုံးပြုနိုင်ပြီဖြစ်သည်.။ App များကို Android အတွက် www.carsdb.com/android နှင့် iOS အတွက် www.carsdb.com/ios များတွင် Download ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်.။
www.carsdb.com
No. 1 Car Site in Myanmar
CarsDB #iOS #Android