မန္တလေးမြို့၏ အကြီးကျယ်ဆုံးသော မော်တော်ယာဉ် အရောင်းပြပွဲကြီးကို (CarsDB Autoshow 2018 Madalay) ၂ဝ၁၈၊ မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် မန္တလာသီရိဘောလုံးကွင်းတွင် နံနက် ၁ဝ နာရီမှ ည ၈ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Oriental House တွင် ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါပွဲတွင် Ford၊ Jaguar၊ Land Rover၊ Nissan၊ Mitsubishi၊ DongFeng၊ Suzuki Century၊ Chevrolet၊ Toyota GW Lion၊ Yutong၊ KIA နှင့် Peugeot အစရှိသည့် brand new ကားသစ်များ၊ မော်တော်ယာဉ် နှင့် ဆက်စပ်သော အပိုပစ္စည်းများ ရောင်းချသည့် လုပ်ငန်းများအပြင် ဘဏ်နှင့် မော်တော်ယာဉ် အာမခံလုပ်ငန်းများလည်း ပါဝင်မည်ဖြစ်ရာ စုစုပေါင်းပြခန်း အရေအတွက်မှာ ၄ဝ ကျော်ပါဝင်မည်ဖြစ် ကြောင်းသိရသည်။
Test Drive အစီအစဉ်လည်းပါဝင်ပြီး Ford၊ Land Rover၊ Jaguar၊ Nissan၊ Mitsubishi၊ DongFeng၊ Chevrolet၊ Toyota GW Lion နှင့် Suzuki Century တို့၏ ကားသစ်များကို မောင်းနှင်နိုင်မည်ဖြစ်ပြီး အရေအတွက်အားဖြင့် စုစုပေါင်း ၁၅ စီးရှိကြောင်းသိရသည်။
အဆိုပါ မော်တော်ယာဉ်အရောင်းပြပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကားထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် အခြားသော ကားနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များကတစ်ဆင့် ဈေးကွက် အတွင်းရှိ ကားသစ်များ၊ တပတ်ရစ်ကားများနှင့် ကားနှင့် ဆက်စပ်သော မော်တော်ယာဉ် အပိုပစ္စည်း များကို ပြည်သူများက တစ်နေရာတည်းတွင် ရှာဖွေကြည့်ရှု ဝယ်ယူနိုင်ရန် အတွက် အခွင့်အလမ်း တစ်ရပ်ဖန်တီးပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ ကားလုပ်ငန်းစုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း သိရသည်။
B-01