မြန်မာနိုင်ငံ၏ အကြီးဆုံးမော်တော်ယာဉ် အရောင်းပြပွဲကြီး (CarsDB Auto Show 2017) ကို အောင် မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့

0

Full article

CarsDB က ဦးစီးကျင်းပသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးမော်တော်ယာဉ် အရောင်းပြပွဲကြီး (CarsDB Auto Show 2017) ကို ရန်ကုန်မြို့ အထက်ပုဇွန်တော်လမ်းမကြီးပေါ်ရှိ သုဝဏ္ဏဘူမိ event park တွင် နိုဝင်ဘာ ၂၅နှင့် ၂၆ ရက်နေ့များ၌ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ![](/redline/content/images/2017/12/rrr.jpg) အဆိုပါ မော်တော်ယာဉ်အရောင်းပြပွဲတွင် ပါဝင်ပြသသည့် လုပ်ငန်းပေါင်း ၆ဝ ကျော်မှ brand new ကားသစ်များ၊ တစ်ပတ်ရစ်ကားများ၊ မော်တော်ယာဉ် အရစ်ကျဝယ်ယူနိုင်သည့် ဝန်ဆောင်မှုပေးသော ဘဏ်များ၊ မော်တော်ယာဉ်အာမခံလုပ်ငန်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် အခြားကားနှင့် ဆက်စပ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများစွာကို ပြသရောင်းချသွားခဲ့ပါသည်။ ![](/redline/content/images/2017/12/2.jpg) ပြပွဲကျင်းပရာ နှစ်ရက်တာ ကာလအတွင်း ပြပွဲသို့ လာရောက်ကြည့်ရှုသူ ၁ သောင်း ၈ ထောင် ကျော်ရှိပြီး ကားအစီးရေ ၃ဝဝ ခန့်ကို ဝယ်ယူအားပေးခဲ့ကြပါသည်။ ![](/redline/content/images/2017/12/3.jpg) ငွေကြေးတန်ဖိုးအားဖြင့် စုစုပေါင်း ရောင်းရ သည့် ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၈ သန်းခန့်ရှိခဲ့ပါသည်။ ထို့အပြင် ဧရာဝတီဘဏ်က ဝန်ဆောင်မှုပေးသည့် အရစ်ကျစနစ်ဖြင့် မော်တော်ယာဉ်ဝယ်နိုင်သော AYA auto loan ကို လျှောက်ထားသူ ၂ဝဝ ကျော်လည်း ရှိခဲ့ပါသည်။ ![](/redline/content/images/2017/12/4.jpg) CarsDB Auto Show 2017 တွင် ပါဝင်သည့် brand new ကားသစ်များအား ကိုယ်တိုင် စမ်းသပ် မောင်းနှင်နိုင်သော (Test Drive) အထူးအစီအစဉ်တွင် လာရောက်ကြည့်ရှုသူ ၂ဝဝ ကျော်က စမ်းသပ် မောင်းနှင်မှုများပြုလုပ်ခဲ့ပါသည်။ ထို့အပြင် Bridgestone က လာရောက်ကြည့်ရှုသူများ၏ မော်တော်ယာဉ်တာယာများကိုလည်းကောင်း၊ Bactakleen နှင့် G-scan တို့မှ ကားများ၏ ကြံ့ခိုင်မှုနှင့် အတွင်းပိုင်း သန့်ရှင်းမှုတို့ကိုလည်းကောင်း ခေတ်မီနည်းပညာများဖြင့် အခမဲ့ စမ်းသပ်စစ်ဆေးပေး မှုများကို ပြုလုပ်ပေးခဲ့ပါသည်။ ![](/redline/content/images/2017/12/8-300x200.jpg)![](/redline/content/images/2017/12/5-300x200.jpg) ပြပွဲကျင်းပရာ နှစ်ရက်စလုံးတွင် လာရောက်ကြည့်ရှုသူများထဲမှ ကားဝယ်ယူသူများကိုလည်း Iphone X အပါအဝင် ငွေကျပ် သိန်း ၁ဝဝ ကျော်တန်ဖိုးရှိ အခြားတန်ဖိုးကြီး Grand Prize ဆုများစွာကို CarsDB မှ မဲဖောက်၍ မေတ္တာလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ![](/redline/content/images/2017/12/fvv.jpg) မော်တော်ယာဉ်အရောင်းပြပွဲတွင် ပါဝင်သော ပျော်ရွင်ဖွယ်အစီအစဉ်များဖြစ်သည့် Fun games များ၊ RC drift racing ပြိုင်ပွဲများ၊ car pull and push ပြိုင်ပွဲများနှင့် နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများကိုလည်း လာရောက်ကြည့်ရှုသူများ ကြိုက်နှစ်သက်ခဲ့ပါသည်။ ![](/redline/content/images/2017/12/14.jpg)![](/redline/content/images/2017/12/16.jpg) ပြပွဲကို AYA Bank မှ Main Sponsor အဖြစ်ကူညီပံ့ပိုးပေးထားပြီး၊ Tea Master မှ Diamond Sponsor အဖြစ်လည်းကောင်း၊ Ford Myanmar ၊ IKBZ Insurance နှင့် Bridgestone Tyre တို့မှ Gold Sponsor အဖြစ်လည်းကောင်း အသီးသီးပေးကူညီပံ့ပိုးပေးခဲ့ပါသည်။ ထို့အပြင်SKYNET၊ Automobile ၊ 7day News၊ Car Search Magazine နှင့် Forever Group တို့က Media Partner များအဖြစ်လည်းကောင်း၊ အဌားယာဉ်လုပ်ငန်း Grab က Ride Partner အဖြစ်လည်းကောင်း၊ Myanmar Net က internet sponsor အဖြစ်လည်းကောင်း အသီးသီးပါဝင်ခဲ့ကြပါသည်။ ထို့အပြင်Novotel Yangon Max Hotel ကလည်း Venue Sponsor အဖြစ် Press Conference ကို ပံ့ပိုးကူညီပေးခဲ့ပါသည်။

• ပြပွဲသို့ လာရောက်ကြည့်ရှုသူ စုစုပေါင်းအရေအတွက် ၁ သောင်း ၈ ထောင်ကျော်
• ပြပွဲတွင် ပါဝင်ပြသသည့် ကားနှင့် ဆက်စပ်သော လုပ်ငန်းပေါင်း ၆ဝ ကျော်
• ပြပွဲတွင် ရောင်းချနိုင်ခဲ့သည့် ကားအရေအတွက် စုစုပေါင်း ၃ဝဝ ကျော်
• ရောင်းချနိုင်ခဲ့သည့် စုစုပေါင်းငွေပမာဏ အမေရိကန်ဒေါ်လာ ၈ သန်းခန့်
• စမ်းသပ်မောင်နှင်ခြင်း (Test Drive) အစီအစဉ်တွင် ပါဝင်သူ စုစုပေါင်း ၂ဝဝ ကျော်
• AYA auto loan ကို လျှောက်ထားသူ ၂ဝဝ ကျော်

Author