မြန်မာနိုင်ငံတွင် အကြီးဆုံး ကားအရောင်းပြပွဲကြီး CarsDB Auto Show 2017 အတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

0

Full article

.

.unicode

CarsDB မှဦးစီးကျင်းပသည့် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံး မော်တော်ယာဉ်အရောင်းပြပွဲကြီး CarsDB Auto Show 2017 အတွက် Press Conference ကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် Novotel Yangon Max ၌ နေ့လည် ၂ နာရီမှ ညနေ ၄ နာရိထိကျင်းပခဲ့ပါသည်။
ထို Press Conference တွင် CarsDB မှဦးစီးကျင်းပသည့် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံး မော်တော်ယာဉ်အရောင်းပြပွဲကြီး CarsDB Auto Show 2017 ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြပွဲတွင် ထည့်သွင်းပြသသွားမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသွားပြီး ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသွားမည့်  Sponsor ကုမ္ပဏီများ နှင့် Media Partner များကိုလည်း မိတ်ဆက်သွားခဲ့ပါသည်။

CarsDB Auto Show 2017 ပြပွဲကို သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘူမိ event park တွင် နိုဝင်ဘာ ၂၅နှင့် ၂၆ နှစ်ရက်တိုင်တိုင် နံနက် ၁ဝ နာရီကနေ ညနေ ၉ နာရီအထိ  ပြုလုပ် သွားမည်ဖြစ်ပြီး Brand New ကားအသစ်များဖြစ်သည့် Ford, Iveco, Mitsubishi, Nissan, Suzuki, Toyota တို့မှကားသစ်အမျိုးအစားပေါင်း ၂ဝ ကျော်ကိုပါဝင်ပြသရောင်းချသွားမည့်အပြင် အခြားပြခန်းပေါင်း ၅ဝကျော်မှ တစ်ပတ်ရစ်ကားများ,မော်တော်ယာဉ်အရစ်ကျ ဝယ်ယူနိုင်သည့်ဝန်ဆောင်မှုပေးမည့် ဘဏ်များ, မော်တော်ယာဉ်အာမခံလုပ်ငန်းများ, မော်တော်ယာဉ်အပိုပစ္စည်းများ နှင့် အခြားကားနှင့်ဆက်စပ်သည့် လုပ်ငန်းနှင့်ဝန်ဆောင်မှုများ ကိုစသည်တို့ကို ပြသရောင်းချသွားမည့်အပြင် အထူးအစီအစဉ်များအဖြစ် ပါဝင်ပြသသည့် brand new ကားသစ်များ အား ကိုယ်တိုင်စမ်းသပ်မောင်းနှင်နိုင်သော (Test Drive) အခွင့်အလမ်းကိုရရှိမှာဖြစ်သည်။ ထို့အပြင် Auto Show ကို Sponsor ပေးသည့် ကုမ္ပဏီများဖြစ်သော Toyota နှင့် Bridgestone တို့က Toyota ကားများ နှင့် ကားတာယာများအား လုံခြုံစိတ်ချရမှုရှိ၊ မရှိကို ခေတ်မှီနည်းပညာများဖြင့် အခမဲ့ စစ်ဆေးပေးခြင်းတို့ လည်း ပြုလုပ်ပေးမည်ဖြစ်ပါသည်။
ပြပွဲတွင် AYA Bank ၏ ပိုမိုကောင်းမွန်သည့် အရစ်ကျဝယ်ယူမှုပုံစံအသစ်ဖြင့် ပြပွဲတွင်ပါဝင်ရောင်းချသည့် Brand New ကားအသစ်များကို ရွေးချယ်ဝယ်ယူနိုင်ပြီး ထိုသို့ဝယ်ယူသူများအတွက် အထူးလက်ဆောင် များနှင့် ဝန်ဆောင်မှုများကို AYA Bank မှပြုလုပ်ပေးမည်ဖြစ်သည်။
CarsDB Auto Show 2017 AYA Bank မှ Main Sponsor အဖြစ်ကူညီပံ့ပိုးပေးထားပြီး၊ Tea Master မှ Diamond Sponsor အဖြစ်လည်းကောင်း၊ Ford Myanmar ၊ IKBZ Insurance နှင့် Bridgestone Tyre  တို့မှ Gold Sponsor အဖြစ် လည်းကောင်း အသီးသီးပေးကူညီပံ့ပိုးပေးထားပါသည်။ ထို့အပြင် SKYNET၊ Automobile ၊ 7day News၊ Car Search Magazine နှင့် Forever Group တို့က Media Partner  များအဖြစ် ပါဝင်မှာဖြစ်ပြီး Official Ride Partner မှာတော့ အဌားယာဉ် လုပ်ငန်း Grab ဖြစ်ပါသည်။ ထို့အပြင် Novotel Yangon Max Hotel မှလည်း Venue Sponsor အဖြစ် Press Conference ကို ပံ့ပိုးကူညီပေးခဲတာဖြစ်ကြောင်း သတင်းရရှိပါသည်

Author