CarsDB Auto Show Yangon 2019 ဂုဏ်ပြုညစာစားပွဲအား Emerald Bay ၌ကျင်းပပြုလုပ်ခဲ့

0

Full article

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က CarsDB ကနေပြီး Appreciation Dinner ပွဲကို Emerald Bay မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ CarsDB ကကြီးမှူးကျင်းပတဲ့ CarsDB Auto Show Yangon 2019 ပွဲမှာ ဝင်ရောက်ပြသရောင်းချခဲ့တဲ့ Exhibitor တွေနဲ့ ကားဝယ်သူတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး ဂုဏ်ပြုဆုများစွာကိုလည်း ပေးအပ်ခဲ့တာပါ။

ဂုဏ်ပြုဆုတွေကိုတော့ CarsDB Auto Show Yangon 2019 ပွဲမှာ ရောင်းအားအကောင်းဆုံး Brand ၃ မျိုးကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။

Best Selling Award ဆုကိုတော့ Toyota Aye and Sons က ဆွတ်ခူးခဲ့ပြီး ဒုတိယနဲ့ တတိယ ရောင်းအားအကောင်းဆုံး ဆုကိုတော့ Suzuki မြန်မာမော်တော် နဲ့ BAIC တို့က အသီးသီးရယူခဲ့ကြတယ်။

Emerald Bay မှာကျင်းပခဲ့တဲ့ ဂုဏ်ပြုညစာစားပွဲရဲ့ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

Author