လိုင်စင် ပါမစ်မရရှိခင် ဆိပ်ကမ်းသို့ မော်တော်ယာဉ်ကြိုတင်ရောက်ရှိနေခြင်းကို မတ်လ ၁၁ ရက်နေ့မှစ၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်

0

Full article


အကောက်ခွန်လုပ်ထုံးလုပ်နည်း ၆/၂ဝ၁၇ ဥပဒေအရပြည်ပနိုင်ငံများ တင်သွင်းလာသော မော်တော်ယာဉ်များသည် လိုင်စင် ပါမစ်မရရှိခင် ဆိပ်ကမ်းသို့ ကားများ ကြိုတင်ရောက်ရှိနေခြင်းကို မတ်လ ၁၁ ရက်နေ့မှစ၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက်စွဲအမိန့်ကြေငြာစာအရ ထုတ်ပြန်ထားရှိသည်။

ထို့ကြောင့်ကားတင်သွင်းသူများအနေဖြင့် မတ်လ ၁၁ ရက်မတိုင်ခင် လိုင်စင်ပါမစ် ခွင့်ပြုချက်မရခင် ကုန်ပစ္စည်းရောက်နေခြင်း၊ ကုန်ပစ္စည်း ရောက်ရှိပီးမှလိုင်စင်ပါမစ် ပြင်ဆင်ချက်ရရှိခြင်းတို့ကို သိမ်းဆည်းသွားမည်ဖြစ်သည်။

ပါမစ်သက်တမ်းကျန်မကျန်ဆိုတာရယ် ETA ချိန်ညှိဖို့တော့လိုပါတယ်။သင်္ဘောရောက်မယ့်အချိန်က မတ်လနောက်ပိုင်းမှဆို ပြသနာရှိနိုင်တယ်။ပါမစ် Amend လုပ်ပီး ကားရောက်လာမယ်ဆိုရင်သိမ်းဆည်းနိုင်ပါတယ်။လိုင်စင်ကို သေချာလျှောက်ပီးမှ ကားတင်သွင်းတာကိုလုပ်ဖို့လိုတယ်လို့ ဂျပန်နိုင်ငံကကားလေလံဆွဲရောင်းချနေသူ ကိုဝဏ္ဏကပြောပါတယ်။

အကောက်ခွန်ဦးစီးဌာနမှ လိုင်စင်၊ ပါမစ် သက်တမ်းကျော်လွန်၍ တင်သွင်းလာသော မော်တော်ယာဉ်များကိုလည်း သိမ်းဆည်းပြစ်ဒဏ် ဖြင့်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author